Monday, February 16, 2015

၁၄/၂/၁၅နေ့၊ အယ်ဒီတာချုပ် ဒေါက်တာသက်လွင်က မကွေးတိုင်း မြေလတ်မီဒီယာ သတင်းထောက်တွေကို ပြောခဲ့တဲ့ စကားတွေပါ ။

Thet Lwin added 3 new photos — with Ko Kyi. မှ ကူးယူဖော်ပြပါသည်။
ကျွန်တော် ဘယ်ပါတီမှ မဝင်ဘူး မလွတ်လပ်မှာစိုးလို့
ကြိုက်ကြိုက် မကြိုက်ကြိုက် မှားတဲ့လူ ပါတီ ကို မှားတယ်
ပြောချင်တာ ။ မှန်ရင်ထောက်ခံအားပေး ရေးချင်တာ ။
ဥပမာ ယခုဖြစ်နေတဲ့ လောက်ကိုင်စစ်ပွဲ ဟာ ကျူးကျော်စစ်
တပ်မတော်မှန်တယ် အပြတ်ထောက်ခံရမယ် ။တရုတ်မှား
တယ် ။ကျွန်တော် NLD ပါတီဝင်တာဆိုရင် ဒီစကား ဒီလို
ပြောပိုင်ခွင့်မရှိဘူး ။NLD အစိုးရ ဖြစ်ရင် တရုတ်နဲ့ကင်းကွာ
လို့ မရဘူး ။ပါတီက တရုတ် မကြိုက်တဲ့ စကား ပြောခွင့်
မရှိဘူး ။ကျွန်တော်က သမိုင်းသုတေသီ။သမိုင်းအမြင်နဲ့
လွတ်လွတ်လပ်လပ် ပြောမယ် ရေးမယ် ။ဒါ ကျွန်တော့
ဝါဒ ကျွန်တော့ ခံယူချက် ။ဒေါက်တာသန်းထွန်း တပည့် ။
ဒေါက်တာသန်းထွန်း ဝါဒ ။ဖါးတာ အခွင့်ထူးခံချင်လို့ ။
အခွင့်ထူး မခံစားချင်ရင် ဘယ်သူ့ကိုမှ ဖားစရာ မလိုဘူး ။

0 comments:

Post a Comment