မင်းဘူး ဖေဖော်ဝါရီ
(၉)
ရက်
ဖေဖော်ဝါရီ
(၁၂) ရက်တွင်ကျရောက်မည့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်နှင့် ဖေဖော်ဝါရီ(၁၃)
ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှစ်(၁၀၀) ပြည့်အတွက် နံရံကပ်စာစောင်၊
ဓါတ်ပုံပြပွဲ၊ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပခြင်းကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့်
ပညာရေးဌာနတို့ပူးပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ဖေဖော်ဝါရီ(၉) ရက် နံနက်(၉း၃၀)နာရီက
ကျင်းပခဲ့ရာ ဖေဖေါ်ဝါရီ(၁၃)ရက်နေ့အထိပြသသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြပွဲတွင် မင်းဘူးခရိုင် ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ
ဦးသန်ဌေးက ဗိုလ်ချုပ်အောင်ဆန်၏ အတ္ထုပ္ပတ္တိနှင့် လွတ်လပ်ရေးရှိရန် စွမ်းစွမ်းတမံကြိုးပမ်းခဲ့ပုံများကို
အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။ ထို့နောက် မင်းဘူးမြို့ အထက(၁)မှ ကျောင်းသား၊ကျောင်းသူ
(၂၂၆)ဦးတို့က နံရံကပ်စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏
အမှတ်တရ ဓါတ်ပုံမှတ်တမ်းများနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြည့်ရှု
ခဲ့ကြကြောင်း သိရသည်။
ပူးတွဲပါ-သတင်းဓါတ်ပုံ(၁)ပုံ
ခရိုင်ပြန်/ဆက်
မင်းဘူး
0 comments:
Post a Comment