တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင်အမျို
းသားမှတ်ပုံတင်ရေးဦးစီးဌာနမိုးပွင့်အထူးစီမံချက်ရှင်းလင်းပွဲကိုဖေဖော်ဝါရီ
၁၅ ရက်နံနက် ၁၀ နာရီကမြို့နယ်အထွေထွေအုပ်ချူ ပ်ရေးဦးစီးဌာနအစည်း
ဝေးခန်းမ၌ကျင်းပရာမကွေးခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံ
တင်ရေးဦးစီးဌာနခရိုင်ဦးစီးဌာနမှူးဒုတိယညွန်ကြားရေးမှူ
းဦးဝင်းမြင့်ကမိုးပွင့်
အထူးစီမံချက်ပေါ်ပေါက်လာရခြင်းမှာလွတ်တော်ကိုယ်စားလှယ်များ၏တင်ပြ
ချက်အပေါ်နိုင်ငံတော်သမ္မတ၏လမ်းညွန်ချက်နှင့်အညီပြည်ထောင်စုဝန်ကြီး၏အစီအမံများဖြင့်ပြည်သူဗဟိုပြုမိုးပွင့်အဆင့်(၁)မှ(၇)အထိဆောင်ရွက်ခဲ့ရာ
မကွေးခရိုင်အတွင်းအိမ်ထောင်စုလူဦးရေစာရင်း(၆၅၈၁)စုနိုင်ငံသားစီစစ်ရေး
ကဒ်ပြား(၁၉၉၈၀၀)အားထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းထိုသို့ရပ်ကွတ်ကျေးရွာအရောက်အကြိမ်ကြိမ်ကွင်းဆင်းဆောင်ရွက်ခဲ့သော်လည်းအကြောင်းအမျို
းမျိုးကြောင့်လျှောက်ထားရန်ကျန်ရှိနေဆဲဖြစ်၍မိုးပွင့်အထူးစီမံချက်ဖြင့်ဇန်နဝါ
ရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆
လကြာကွင်းဆင်းဆောင်ရွက်
သွားမည်ဖြစ်ကြောင်း အသက် ၁၈ နှစ်ပြည့်ပြီးသူများနှင့်အသက်
၁၈ နှစ်
ပြည့်လာမည့်သူများအားမြန်မာနိုင်ငံသားဥပဒေနှင့်အညီကိုင်ဆောင်သင့်
သည့်ကဒ်ပြားတစ်မျိုးမျိုးထုတ်ပေးသွားမည်ဖြစ်ကြောင်းအကျယ်တဝင့်
ရှင်းလင်းဆွေးနွေးခဲ့သည်ဆက်လက်၍မြို့နယ်အုပ်ချူပ်ရေးမှူးဦးသိန်းဇော်နှင့်
မြို့နယ်ဦးစီးဌာနမှူးဦးအောင်သန်းဝင်းတိုကရပ်ကျေး ၈၂
အုပ်စုတိုမှအုပ်ချူပ်
ရေးမှူးများစာရေးဝန်ထမ်းများအားမိုးပွင့်အထူးစီမံချက်လုပ်ငန်းများအရှိန်အဟုံ
မြှင့်တင်ဆောင်ရွက်နိုင်ရေးလိုအပ်ချက်များကိုဖြည့်စွတ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
နိုင်ဝင်း
0 comments:
Post a Comment