Saturday, February 21, 2015

လောက်ကိုင်ဒေသတွင် နိုင်ငံတော်တာဝန်များအား သက်စွန့်ကြိုးပန်းဆောင်ရွက်ရင်း ကျဆုံး၊ ဒဏ်ရာရ စစ်သည်မိသားစုများနှင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေ ပေးအပ်ပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီ၁၈ရက်နေ့ ည(၇း၃၀) နာရီက လောက်ကိုင်ဒေသတွင် နိုင်ငံတော်တာဝန်များအား သက်စွန့်ကြိုးပန်းဆောင်ရွက်ရင်း ကျဆုံး၊ ဒဏ်ရာရ စစ်သည်မိသားစုများနှင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ပါသည်။

    အလှူငွေပေးအပ်ပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများတက်ရောက် ကြပါသည်။ အခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ ပြဇာတ်ကြီးတပ်စုမှ အဆို၊ အက၊ ပြဇာတ်များဖြင့်ဖျော်ဖြေတင်ဆက်ပါသည်။
    လောက်ကိုင်ဒေသတွင် နိုင်ငံတော်တာဝန်များအား သက်စွန့်ကြိုးပန်းဆောင်ရွက်ရင်း ကျဆုံး၊ ဒဏ်ရာရ စစ်သည်မိသားစုများနှင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အလှူငွေများ ကို မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလှူငွေ ကျပ်သိန်း(၂၅၀)၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်မိသားစုမှ ကျပ်(၂၈၅၀၀၀)၊ မကွေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှငွေကျပ်(၁၀)သိန်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် မိဘပြည်သူ များမှ လှူဒါန်းငွေကျပ်(၁၀၁)သိန်းအား အလှူရှင်များကိုယ်စား၊ Mobile Money မှ ဦးတင်ဝင်းမောင်က လည်းကောင်း၊ ဦးတင်ဝင်းမောင် Mobile Money မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ ဦးထွန်းကျော်သူမိသား စုမှ ငွေကျပ်(၁၀)သိန်း၊  တိုင်းအဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်စေတနာများမှ စုစုပေါင်းလှူဒါန်းငွေ ကျပ် ကျပ်သိန်း(၁၂၀)အား ပေးအပ်လှူဒါန်းပါသည်။
လှူဒါန်းကြသောစေတနာရှင်များအား မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်စန်းဝင်း က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ ပြဇာတ်ကြီးတပ်စုကို မကွေးတိုင်းဒေသကြီးတိုင်းအဆင့်ဌာနဆိုင်ရာများမှ စုပေါင်းပေးအပ်လှူဒါန်း သည့် အလှူငွေများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးမှ ပေးအပ်လှူဒါန်းရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဗိုလ်မှူးတင့်ထူးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။  
မကွေးသတင်းစုံ 





0 comments:

Post a Comment