Wednesday, February 4, 2015

မကွေးမြို့တွင်းမှာ လှည့်လည်ဆန္ဒဖော်ထုတ်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေက အကြောင်းပြချက်မရှိဘဲ ဆွေးနွေးပွဲကို သမ္မတအမိန့်နဲ့ ရွှေ့ဆိုင်းလိုက်တာဟာ ကျောင်းသားနဲ့ပြည်သူတွေကို စော်ကားလိုက်တာပဲ

 
Kamayut Media added 4 new photos. မှ ကူးယူဖော်ပြပါသည်။

Happening Now: (2/3/2015 – 2:36 pm)
ဆွေးနွေးပွဲကို ရွှေ့လိုက်တာဟာ ဘာ့ကြောင့်လဲ ....ကိုယ်စားပြုမှုကို အစိုးရမေးခွန်းထုတ်ပြီ (Text Report)
မကွေးမြို့တွင်းမှာ လှည့်လည်ဆန္ဒဖော်ထုတ်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေက အကြောင်းပြချက်မရှိဘဲ ဆွေးနွေးပွဲကို သမ္မတအမိန့်နဲ့ ရွှေ့ဆိုင်းလိုက်တာဟာ ကျောင်းသားနဲ့ပြည်သူတွေကို စော်ကားလိုက်တာပဲလို့ ဆွေးနွေးပွဲ ရွှေ့ဆိုင်းလိုက်တဲ့သတင်း ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ တုံ့ပြန်လိုက်ပါတယ်။
နေပြည်တော်မှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲတက်ရောက်ဖို့ ရောက်လာတဲ့ ကျောင်းသားတွေကို စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုခွင့်မပေးခဲ့လို့ လမ်းဘေးမှာကားထိုးပြီး ညအိပ်ခဲ့ရတဲ့ဖြစ်ရပ်ဟာ ကျောင်းသားတွေရဲ့စိတ်ဓာတ်ကို ချိုးနှိမ်လိုက်တာပဲလို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်မှုကော်မတီက ကိုကျော်ကိုကိုက ပြောပါတယ်။
လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရွှေ့ဆိုင်းလိုက်ရတာဟာ ကျောင်းသားကိုယ်စားလှယ်တွေက သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်အရေအတွက်ကို ပြင်ဆင်တောင်းဆိုပြီး အားလုံးတက်ရမှလို့ ပြောခဲ့တာကြောင့် အစိုးရနဲ့ လွှတ်တော်ဘက်က နေ့လည် ၁၂နာရီအထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရတယ်လို့ မြန်မာသမ္မတရုံးက ဦးဇော်ဌေးက အကြောင်းပြချက်ပေးခဲ့ပါတယ်။
ဆွေးနွေးပွဲပုံသဏ္ဍာန်နဲ့သတ်မှတ်ချက်တွေ ညှိနှိုင်းဖို့လိုသေးတာကြောင့် အချိန်ယူဆောင်ရွက်ဖို့အတွက် မြန်မာသမ္မတက ဖေဖော်ဝါရီ ၁၂ရက်နောက်ပိုင်းမှ ဆွေးနွေးပွဲလုပ်ဖို့ အချိန်ရွှေ့လိုက်တာကို လွှတ်တော်ကလည်း သဘောတူတဲ့အကြောင်း၊ ဆွေးနွေးပွဲတက်လာတဲ့ NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေဟာ ကိုယ်စားပြုမှု ဘယ်လောက်ရှိသလဲလို့ အစိုးရက မေးခွန်းထုတ် တောင်းဆိုခဲ့ပြီး ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ကိုယ်စားပြုနိုင်ဖို့ လိုအပ်ကြောင်း၊ ဆွေးနွေးပွဲရွှေ့ဆိုင်းတာဟာ အခြေအနေအရဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။
အလားတူပဲ မြန်မာအစိုးရပိုင် ပြန်ကြားရေးဝန်ကြီးဌာနကလည်း လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကျောင်းသားများ တက်မလာ၍ အစိုးရနဲ့လွှတ်တော်အရာရှိတွေ စောင့်ဆိုင်းနေခဲ့ရတယ်လို့ ပုံဖော်ရေးသားခဲ့ပါတယ်။ ဆွေးနွေးပွဲရွှေ့ဆိုင်းလိုက်လို့ ကျောင်းသားကိုယ်စားလှယ်တွေဟာ နေပြည်တော်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို အသွား ရဲလုံခြုံရေးတွေနဲ့ တားဆီးထားတာကြောင့် နေအိမ်တစ်ခုမှာ ယာယီဝင်နားခဲ့ရပါတယ်။

0 comments:

Post a Comment