Saturday, February 21, 2015

ပွင့်ဖြူမြို့နယ် မုန်းမြင့်-အင်းဒေါင်းကျေးရွာ၌ လျှပ်စစ်မီးရရှိ




ပွင့်ဖြူ     ဖေဖော်ဝါရီ     ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာနှင့်အင်းဒေါင်းကျေးရွာတို့တွင် လျှပ်စစ်မီး ရရှိပြီးဖြစ်၍ လျှပ်စစ်မီးအောင်ပွဲအား ဖေဖော်ဝါရီ ၇ ရက်ကအင်းဒေါင်းကျေးရွာ၌ ကျင်းပခဲ့ပြီး ဖြစ်သည်။

          အဆိုပါကျေးရွာများ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် (၁၁)ကေဗွီဓါတ်အားလိုင်း(၃.၃)မိုင်၊(၄၀၀) ဗို့လိုင်း(၂.၃)မိုင်၊(၃၁၅)ကေဗွီအေထရန်စဖော်မာ(၁)လုံး တည်ဆောက်ခဲ့ပြီး  မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ချေးငွေကျပ်သိန်း(၁၀၀၀)နှင့်ဒေသခံပြည်သူများ၏ အလှူငွေကျပ် သိန်း(၆၀၀)၊စုစုပေါင်းငွေကျပ်သိန်း(၁၆၀၀)ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး အိမ်ထောင်စု(၁၈၀)မှာ လျှပ်စစ်မီးသုံးစွဲနေပြီဖြစ်ကြောင်းနှင့်မုန်းမြင့်-အင်းဒေါင်း ကျေးရွာရှိအိမ်ခြေ(၄၉၉)အိမ်၊လူဦးရေ(၁၆၉၇)ဦး အတွက် လူမှုစီးပွားဘ၀တိုးတက်ကာ ဒေသခံပြည်သူများဝမ်းသာလျှက်ရှိကြပြီး ကျန်ရှိသည့်အိမ်ထောင်စု များအတွက်လည်း  မီတာဘောက်များ ဆက်လက်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မီးလင်းရေးကော်မတီ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment