Tuesday, February 24, 2015

စစ္စနို့မှ ကန်တုတ်ထိ အမြန်ကားလမ်းမကြီး ဖောက်လုပ်ပြီးသည့်အတွက် ဒေသခံများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ ကူသန်းရောင်းဝယ်ရေးအဆင်ပြေ အကျိုးမြတ်ဖြစ်ထွန်း



    
  မင်းလှ ဖေဖော်ဝါရီ (၂၄)
            မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းရှိ စစ္စနို့ ရေနံမ ကျောက်ပုံ ကန်တုတ် လမ်းအား နိုင်လွန်ကတ္တရာ အမြန်လမ်းမကြီးအ
ဖြစ် နိုင်ငံတော်မှ အကုန်ကျခံ ဖောက်လုပ်ပေးခဲ့သောကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်းလာ၍  ဒေသခံပြည်သူများ ရေနံမ ကျေးရွာသူ
ကျေးရွာသားများ ကူးသန်းရောင်းဝယ်ရေးပါ အဆင်ပြေအကျိုးမြတ်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။  

            အမြန်လမ်းမကြီး မဖောက်လုပ်ခင် လွန်ခဲ့သော(၂)နှစ်ကျော်က မြေနီတဖက်ချောလမ်းသာရှိပြီး ရေနံမသို့လာရောက်မည်ဆိုပါက မိုး
ပြတ်သည့်နွေရာသီ ချိုင့်ခွက်များ ထူထပ်စွာဖြင့်သွားလာရပါသည်၊မိုးတွင်းမှာ လမ်းတွေပျက်စီးယိုယွင်း၍ ကားတွေဗွက်နစ် ဆိုင်ကယ်ဘီးတွေချော် 
ခက်ခဲကြမ်းတမ်းစွာ သွားလာခဲ့ရသည့်အပြင် ချောင်းရေကျလို့ ဆိုင်ကယ်တစ်စီးကို ထမ်းပိုးခ အနည်းဆုံး(၁၀၀၀)ကျပ်ပေးပြီးထမ်းခိုင်းရတဲ့ အခက်
အခဲတွေပါဒေသခံများ ရင်ဆိုင်ဖြတ်သန်းခဲ့ရလေသည်။ 

            စစ္စနို့ချောင်း၊လယ်လှချောင်း၊ကျောက်ပုံချောင်း၊ခန်းချောင်း၊ဆပ်ပြာချောင်း၊တို့မှာ မိုးတွင်းအခါ ခရီးသွားများအတွက် များစွာ အခက်
 ခဲဒုက္ခပေးပြီး မင်းလှမှရေနံမသို့ ပြန်လာမည်ဆိုပါက အချိန်ကိုမှန်းဆ၍မရနိုင်ပါ။ထိုလမ်းပေါ်တွင် အမြင့်ကားသာသွားလာနိုင်ပြီး ကားပေါ်တွင်
 သံတူရွင်း၊ပေါက်ပြား၊ကြိုးများဆောင်သွားရလေ့ရှိကာ ရေနံမရွာအနီးရှိ ကန်သစ်အတက်မှာ အင်မတန်ချော၍ (၇)ရက်ညအိပ်ရသော ကားများ
 ရှိခဲ့ဖူးသည်။ရေနံမသားမှန်လျှင် ဆိုင်ကယ် မလဲဘူးသူ၊ကားဗွက်မနစ်ဘူးသူမရှိ။တခါတရံ ရွာထိကားမရောက်နိုင်သဖြင့် ဒီးဒုတ်ကန်ရွာမှာကားထား
ပြီး(၃)မိုင်ခန့်ခြေလျင် လျောက်ကြရသည်။ ဒေသခံတွေမှာ စိတ်သဘောထားဖြူစင်ပြီး တစ်ယောက်အခက်အခဲကို တစ်ယောက် လစ်လျူမရှု့ ဆိုင်
ကယ်၊ ကားလေးများဗွက်နစ်လျင် ကားကြီးများ များဖြင့် စွဲကာ ဝိုင်းဝန်းအကူညီ ပေးတက်ကျလေသည်။ 

              အမြင့်ကားများသာသွာလာရလွယ်ကူသော စစ္စနို့ ရေနံမ ကျောက်ပုံ ကန်တုတ် လမ်းအား ယခုအခါ နိုင်ငံတော်မှ ကတ္တရာ အမြန်
လမ်းမကြီး ဖောက်လုပ်ပေးခဲ့သည့်အတွက် ဒေသခံတွေ ခရီးသွားပြည်သူများအတွက် များစွာ အထောက်ကူဖြစ်စေပြီး ရေနံမရွာကြီးဟာ တောမြို့
လေးသဖွယ်ဖြစ်လာခဲ့ရာ တိုက်နယ်ဆေးရုံ အထက်တန်းကျောင်း ရဲစခန်း အခွန်လွတ်ဈေးနှင့် ရေနံမမြို့ဟုတင်စားလောက်အောင် စည်းကားသိုက်
မြိုက်လျက်ရှိပြီး ဇိမ်ခံကားကိုယ်စီဖြင့် အလွယ်တကူသွားလာနိုင်ကြပြီဖြစ်ကာ မကွေးမြို့ကားကြီးကွင်းတွင်လည်း ရေနံမလိုင်းကားတွေပြေးဆွဲလာ
နိုင်ပြီး နောက်ဆို မကွေး မင်းလှ ရေနံမ ရန်ကုန်EXPRESS ကားများပြေးဆွဲလာနိုင်တော့မည်။အခက်အခဲများစွာဖြင့်နှစ်ရှည်လများ နေထိုင်ဖြတ်
သန်းခဲ့ရသော ဒေသခံများနှင့် ခရီးသွားပြည်သူများအတွက် စစ္စနို့ ကန်တုတ် ပုသိမ်မုံရွာလမ်းမကြီးအထိ (၂၄)မိုင်ရှည်လျားသော ကတ္တရာလမ်းမ
ကြီးဖောက်လုပ်ပေးခဲ့သည့်အပြင် သရက် မင်းလှလမ်းဟာလည်း ကတ္တရာ အမြန်လမ်းမကြီးဖြစ်သွားသည့်အတွက် ခရီးသွားလာရေးများစွာလွယ်
ကူချောမွေ့စေသောကြောင့်စေတနာထား ဆောင်ရွက်ပေးသော နိုင်ငံတော်မှတာဝန်ရှိသူများအား အထူးကျေးဇူးတင်လျက်ရှိကြောင်းဒေသခံများ ကပြောပြခဲ့သည်။
                  
  
မင်းထီး(ရေနံမ)

0 comments:

Post a Comment