Wednesday, February 11, 2015

ဗိုလ်ချုပ်ရာပြည့်သဘင် ပခုက္ကူတစ်ခွင် ခြိမ့်ခြိမ့်ဆင်ဦးညွှတ် သမီးအိမ့်


မြန်မာတစ်မျိုးသားလုံး၏လွတ်လပ်ရေးဖခင်ကြီးတပ်မတော်ဖခင်ကြီးပြည်ထောင်စုဗိသုကာ
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ.ဖြစ်သော ဖေဖေါ်ဝါရီ ၁၃ ရက်နေ.တွင်နှစ်တစ်ရာပြည့်မြောက်အ
ထိမ်းအမှတ်ကိုဦးညွှတ်ဂုဏ်ပြုသည်.ပွဲများအားမြို.လုံးကျွတ်ရပ်ကွက်အသီးသီးတိုင်း စည်ကား
သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ကျွန်တော်တို့ အမှတ်(၄)ရပ်ကွက်က
နို့ခေါက်ဆွဲတိုက်ကျွေးခဲ့ပါတယ် ဟု အမှတ်(၄)ရပ်ကွက်သားတစ်ဦးက ပြောဆို သည်။

အမှတ်(၃)ရပ်ကွက်သား တစ်ဦးကမူ ထမင်းနဲ့ ဝက်သားဟင်း စတုဒီသာ ကျွေးမွေး သွား
ခဲ့ပါတယ် ဟု ပြောသည်။ မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှလည်း ပဲပြုတ်နဲ့နံပြား ကျွေးမွေးကြ
သည့်အပြင် အားကစားပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ မိန့်ခွန်းပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ
များ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်ဟု သိရှိရသည်။ ဗိုလ်ချုပ်ရာပြည့် ကော်မတီမှလည်း ဖေ
ဖေါ်ဝါရီ(၁၁)ရက်နေ့ည (၇)နာရီအချိန် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှ ဗိုလ်ချုပ်မီးပုံးပျံလွှင့်
တင်ခြင်းနှင့် ဗိုလ်ချုပ်ရာပြည့်သဘင်အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ယင်းည
တွင် စာရေးဆရာ လူရွှင်တော် ချစ်စရာ၏ အငြိမ့်ဖြင့် ဧည့်ခံတင်ဆက်ခဲ့သည်။ (၁၂)ရက်နေ့
နံနက်တွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ညပိုင်း၌ ယဉ်ကျေးလိမ္မာကလေးငယ်များ
၏ ဖြေဖျော်မှုပွဲသဘင်များနဲ့ စည်ကားသိုက်မြိုက်ခဲ့သည်။

(၁၃)ရက်နေ့တွင် နံနက်ပိုင်းမှ
ညနေပိုင်းအထိ အားကစားပြိုင်ပွဲများ ညနေပိုင်းတွင် သံဃာတော်အပါး(၁၈၀)၊ သီလရှင်
(၁၀၈)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းပွဲ ကျင်းပပြုလုပ်ပြီး ညပိုင်းတွင်လည်း ယဉ်ကျေး
လိမ္မာ တေးသံသာများ ကပြတင်ဆက်ခဲ့ကြသည်။ (၁၃)ရက်နေ့ညတွင် ပခုက္ကူစက်မှုဇုန်၌
ဒေါက်တာအောင်ခင်ဆင့်၊ မင်းကိုနိုင်၊ ဦးသိန်းအေး(လူထင်း)၊တို့မှ စာပေသုတရေးရာများ
ဟောပြောခဲ့ကြသည်။ (၁၄)ရက်နေ့တွင်လည်း ညီပုလေး၊ ချစ်စရာ၊ (၁၅)ရက်နေ့တွင် ကျော်
စောမင်း၊ သွန်းနေစိုး၊ (၁၆)ရက်နေ့တွင် အရိုး၊ စိုးစံဝင်း၊ (၁၇)ရက်နေ့တွင် ညီစေမင်း၊
ထွဏ်းသွေးအိမ်၊ (၁၈)ရက်နေ့တွင် ညိုထွန်းလူ၊ နုနုရည်(အင်းဝ)တို့မှ ဗိုလ်ချုပ်ရာပြည့်အ
ထိမ်းအမှတ် ဗိုလ်ချုပ်ဂုဏ်ရည်များကို ဦးညွတ်လေးစားဟောပြောကြမည်ဟုလည်း သိရှိရသည်။
ပခုက္ကူ NLD အဖွဲ့မှလည်း စာပေဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ ဓာတ်ပုံပြပွဲများအပြင်
စတုဒီသာ အကျွေးအမွေးများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သမီးအိမ့်

0 comments:

Post a Comment