မင်းလှ ဇန်နဝါရီ
၃၁
မကွေးတိုင်းဒေသကြီး
မင်းလှမြို့နယ် ရေနံမကျေးရွာ ငနောင်မုန်း ရေနံမှော်တွင် ဇန်နဝါရီ ၃၀ညနေ ၄နာရီ ၃၅တွင်
မီးလောင်မှု့တခုနောက်တကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ရေနံမနယ်မြေရဲစခန်းတွင်
ဒုရဲအုပ်မျိုးမင်းထွန်း ခေတ္တစခန်းမှုးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ငနောင်မုန်းရေနံမှော်တွင်မီးလောင်မှု့ ဖြစ်ပွားကြောင်းသတင်းရရှိ၍ သွားရောက်စစ်ဆေးခဲ့ရာ
ယာပိုင်ရှင်ဦးတင်ရွှေ ယာခင်းထဲတွင် ရေနံကျင်းပိုင်ရှင် အောင်ကိုရေ
နံတွင်း၌ဆီခပ်အလုပ်သမား အောင်စိုး နေရပ်လိပ်စာမသိမှာ ရေနံခတ်ရာမှ
ရေနံခပ်ချက်နှင့်ရေနံကျင်းဝတို့ ပွတ်တိုက်ခါ ဂစ်ငွေ့မှ့ မီးကူးစက်ကာ မီးလောင်ကျွမ်းမှု့ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရသဖြင့်
ခေတ္တစခန်းမှုးအပါတပ်ဖွဲ့ဝင်(၁၀)ဦး အရံမီးသတ်(၁၀) ဦးကျေးရွာအုပ်
ချုပ်ရေးမူးနှင့်အဖွဲ့ (၅)ဦး ပြည်သူလူထုအင်အား (၁၅)ဦးခန့်ဖြင့်
ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၄နာရီ၄၅မိနစ်တွင် မီးငြိမ်းသတ်နိုင်သဖြင့် ကာလတန်ဖိုးကျပ်(၄၀၀၀၀)ခန့် သာပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းသတင်းရရှိခဲ့သည်။
အဆိုပါ မီးလောင်မှု့နှင့်ပတ်သတ်၍
ခေတ္တစခန်းမှုးမျိုးမင်းထွန်းမှ တရားလိုပြု တိုင်တန်းခဲ့သဖြင့် ငနောင်မုန်း ရေနံမှော်ဆီခပ်လုပ်သမား အောင်စိုးအား ရေနံမနယ်မြေရဲစခန်းမှ ၁၂/၂၀၁၅
ပြစ်မူ့ပုဒ်မ၂၈၅ ပ-၁၃/၂၀၁၅ နိုင်စီး၉ ဖြင့်အရေးယူ
နိုင်ရန်နယ်ထိန်း ခေါင်း ဆောင်
ဒုရဲအုပ်စိုးအေးမှ စစ်ဆေးဆောင်ရွက်မှု့များပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
ငနောင်မုန်းရေနံမှော်တွင်
ဇန်နဝါရီ၁၈ ရက်နေ့က မီးလောင်မှု့ တကြိမ်ဖြစ်ပွားခဲ့ပြီး ယခုနောက်တကြိမ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိခဲ့သည်။
မင်းထီး(ရေနံမ)
0 comments:
Post a Comment