Sunday, February 22, 2015

ငဖဲမြို့နယ် တောင်ပေါ်ဒေသ လိုင် ကျေးရွာတွင် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ



ငဖဲ     ဖေဖော်ဝါရီ      ၂၁
          ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျရောက်သည့် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ လိုင်ကျေးရွာအုပ်စု လိုင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်ညနေ ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းဇော်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံ တောင်ပေါ် မြေပြန့်ချင်းတိုင်းရင်း သားများတက်ရောက်ခဲ့ကြပြီး၊ ချင်းအမျိုးသားနေ့အခမ်းအနာ့းတွင် ချင်းအမျိုးသားဖြစ်ပေါ်လာရခြင်းသမိုင်း အကျဉ်းစာတမ်းဖတ်ခြင်း၊ချင်းရိုးရာ ၀က်စားဆင်ရင်မှုပြသခြင်း၊ ချင်းတိုင်းရင်းသား ရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက်ပြီး ချင်းတိုင်းရင်းသား ရိုးရာအစားအသောက်များနှင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။
          အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်မှ(၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ဂုဏ်ပြုငွေကျပ်(၁)သိန်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်မှဂုဏ်ပြုငွေကျပ်(၁)သိန်း ပေးအပ်ခဲ့ပြီး ချင်းတိုင်းရင်းသားရိုးရာ အကအဖွဲ့များကိုလည်း ဆုငွေများ အသီိးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


0 comments:

Post a Comment