Sunday, February 22, 2015

အခြေခံကျန်းမာရေး တက္ကသိုလ် (တတိယ)အကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပမည်



မကွေး     ဖေဖော်ဝါရီ     ၂၂
          မကွေးတိုင်းဒေသကြီး  အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ကျောင်းသားကျောင်းသူ ဟောင်းများ၏ (တတိယ)အကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ၂၀၁၅ခုနှစ် မတ်လ(၂၈)ရက် နေ့တွင် ကျန်းမာရေးတက္ကသိုလ်(မကွေး)၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

          အဆိုပါ အခမ်းအနားသို့ကျန်းမာရေးတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများအနေဖြင့် ပူပေါင်းပါဝင်ကြရန် နှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် ကျောင်းသားဟောင်းများဖြစ်သည့် ကိုနေမျိုး ထွန်း-09-31820058၊ကိုစိုင်းအောင်ဆိုင်-09-33222500၊ကိုသန်းကျော်စိုး-09-43153492၊ကိုတင်လှိုင်မင်း- 09-974083402၊မစုဝေဖြိုး-09-401523135၊တို့ထံ ဆက်သွယ်၍ အလှူငွေများထည့်ဝင်လှူဒါန်း နိုင်ပါ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment