Tuesday, February 17, 2015

လောက်ကိုင် ရှင်းတမ်း - ၂ ( မြန်မာပြည်အတွက် အရေးကြီးသတင်းဖြစ်၍ မြေလတ်မီဒီယာ မှာဖော်ပြပေးရပါသည်။)

Ye Moe added 3 new photos. မှ ကူးယူဖော်ပြပါသည်။
23 hrs · Edited ·
လောက်ကိုင်ရှင်းတမ်း - ၂
=================
ပြသနာ၏ အစမှာ …
တရုတ်နိုင်ငံထုတ် Globle Time သတင်းစာတွင် …
ဖော်ပြပါရှိသော …
ဖုန်ကြားရှင် ပြန်လာတော့မည်ဟူသော ဆောင်းပါးဖြစ်သည် …
ထိုဆောင်းပါးကို စတင်ဖော်ပြသည့်ရက်စွဲမှာ …
၃၀.၁၂.၂၀၁၄ရက်နေ့ ရက်စွဲဖြင့် ဖြစ်ပြီး …
ထိုနောက်ပိုင်းမှ စ၍ …
ကိုးကန့် ဒေသ ထိစပ်နယ်မြေအတွင်းရှိ တပ်များအား …
မြန်မာ့ တပ်မတော်မှ စတင်တပ်လှန့် ထားခဲ့သည် …
ဇန်န၀ါရီလအတွင်း…
အမျိုးအစား ခွဲခြားမရသော …
ရန်သူ လှုပ်ရှားမှု အနည်းအကျဉ်းသာရှိခဲ့သည်…
သို့ သော်…
ဖေဖော်ဝါရီ ၉ရက်နေ့  နံနက်၅နာရီခွဲခန့် …
နှင်းမကွဲသေးမီ …
ကွမ်းလုံ၏ မြောက်ဘက် တောက်ရွှေကျေးရွှာသို့  …
ဖိုးဝှီးကား အစီး ၂၀ ခန့်  ရောက်ရှိလာ၏ …
ကျေးရွာပြည်သူ့ စစ် လက်နက်များအားလုံး သိမ်းခံရသည် …
ရန်သူ့ လှုပ်ရှားမှု သတင်းအစပင် ဖြစ်သည် …
တောက်ရွှေ ပြည်သူ့ စစ်များ၏ ကနဦး သတင်းပို့ ချက်သည် …
ဒကစ လောက်ကိုင်သို့  …
နံနက် ၇ နာရီအချိန်ခန့် တွင် စတင်ရောက်ရှိလာလေသည် …
ဒကစ လောက်ကိုင်သည် …
ရန်သူ ဆုတ်ခွာမည်ထင်သော လမ်းကြောင်းများအား …
လိုက်လံ ပိတ်ဆို့  ရှင်းလင်းရန် ….
တပ်ရင်း သုံးခုမှ စစ်ကြောင်း ၃ခုအား ..
စတင် အမိန့် ပေးလိုက်သည် …
ဒေသကွပ်ကဲမှု စစ်ဋ္ဌာနချုပ် လောက်ကိုင်သည် …
၁၉၉၉ ခုနှစ် ၀န်းကျင်က စတင်တည်ဆောက်ခဲ့သော ..
အခြေချ တပ်မဖြစ်ပြီး …
ခြေလျင် ခြေမြန် ၅ ရင်းနှင့် …
လက်ရုံးတပ်ရင်း ၅ ရင်း ပါဝင်သည် …
ဒကစ ၏ အဓိက တာဝန်မှာ …
နယ်မြေစိုးမိုးရေး နှင့် လုံခြုံရေး ဖြစ်သည် ….
တပ်ဖြန့် ခွဲမှုမှာ …
ဒကစတွင် ခြေမြန်တပ်ရင်း ၁ရင်း …
အမြောက်တပ် ၊ ဆက်သွယ်ရေးတပ်နှင့်…
ဆေးတပ် တစ်ခုတို့  တွဲဖက်ထားရှိပြီး …
ကျန် ခြေလျင်ခြေမြန် တပ်များမှာ ….
လောက်ကိုင်ဒေသ တစ်ခုလုံးတွင် ဖြန့် ခွဲ နေရာချထားသည် …
အစွန်ဆုံးတပ်မှာ ကုန်းကြမ်းရှိ ခလရ ၁၂၅ ဖြစ်ပြီး ….
နွေနှင့် ဆောင်းဥတုတွင် …
လောက်ကိုင်နှင့် တစ်ရက်ခရီးခန့် ရှိသည် ….
ခလရ ၁၂၅ မှ တပ်ရင်းမှူး ဦးစီး စစ်ကြောင်းသည် …
ဒကစ ၏ အမိန့် အတိုင်း …
နယ်မြေတွင်းလိုက်လံ ရှင်းလင်းစဉ် ..
၁၀၀၀ ချိန်ခန့် တွင် …
ရန်သူ အင်အား ၂၀၀ ခန့် မှ …
ကြိုတင်နေရာယူ ပိတ်ဆို့ တိုက်ခိုက်ခြင်းအား …
စတင် ခံရပါတော့သည် …
မနှေးမနှောင်း အချိန်ခန့် မှာပင် …
တောင်ဘက်မှ ရန်သူအား ရှင်းလင်းလာသော …
ခလရ ၁၂၉ စစ်ကြောင်း တစ်ကြောင်းအား …
ရန်သူ အင်အား ၂၀၀ ခန့် မှ လည်းကောင်း …
မော်ထိုက်စခန်းအား …
ရန်သူ အင်အား ၁၀၀ ခန့် မှ လည်းကောင်း ….
ခလရ ၁၂၅ ရင်းဋ္ဌာနချုပ်အား …
အင်အား ၂၀၀ခန့် မှ လည်းကောင်း…
ခလရ ၁၂၉ ဋ္ဌာနချုပ်အား ...
အင်အား ၂၀၀ ခန့် မှ လည်းကောင်း ....
စတင် ၀ိုင်းဝန်းတိုက်ခိုက်ပါတော့သည် ….
တပ်ရင်းဋ္ဌာနချုပ်များသည် …
ကြိုတင် တပ်လှန့် အမိန့် ရရှိထားသည့် အတွက် …
ကောင်းစွာခံစစ်ပြင်ဆင်ထားပြီး ဖြစ်နေသဖြင့် …
တိုက်ပွဲ စလျှင် စချင်း …
ရဲမေ များအပါအ၀င် နောက်ချန် စစ်သည်များဖြင့် …
တက်ညီလက်ညီ ခုခံကြရာ …
ရန်သူများ ရှေ့ မတိုးနိုင်ပဲ ရပ်တန့် သွားရသော်လည်း …
လမ်းကြောင်းတွင် ပိတ်မိနေသည့် ...
ခလရ ၁၂၅ စစ်ကြောင်းတွင် …
အရာရှိ စစ်သည် ၁၁ ဦးကျဆုံးကာ …
၁၃ ဦးဒဏ်ရာရရှိထားပြီး …
ခလရ ၁၂၉ စစ်ကြောင်းတွင် …
စစ်သည် ၅ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားသည် …
မော်ထိုက်စခန်းတွင်မူ …
စစ်သည် ၄ ဦးဒဏ်ရာရရှိပြီး …
ခုခံအားမှာ ပျော့သထက် ပျော့လာလေသည် …
အချိန်ကား ၁၄၀၀ ချိန်ခန့်  သို့  …
ရောက်ရှိနေပြီ ဖြစ်ပြီး ….
လောက်ကိုင်ဒေသ စစ်ပွဲများ စတင်ပြီ ဖြစ်သည် ….
ဒကစနှင့် တိုင်းစစ်ဌာနချုပ်၏ သတင်းပေးပို့ ချက်အရ …
ကက( ကြည်း ) စစ်ဆင်ရေးသည် ….
၁၀၃၀ ချိန်ခန့်  ခလရ ၁၂၅ စစ်ကြောင်းနှင့် …
ရန်သူ စတင် ထိတွေ့ စဉ်ကပင် …
သတင်းပေးပို့ ချက်များအား …
တောက်လျောက်ရရှိနေပြီ ဖြစ်သည် …
ဆက်တိုက် တက်လာသော …
တိုက်ပွဲကြေးနန်းသတင်းများအရ …
စစ်ဆင်ရေး နယ်မြေအနီးရှိ …
ရမခ လက်အောက်ခံ အမှတ် ၁၄၃ ခြေလျင်တပ်ရင်းအား…
ကုန်းကြမ်းသို့  စစ်ကူစတင်စေလွှတ်ခဲ့သည် …
သိန်းနီရှိ အမှတ်၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ်အား…
ကြိုတင် သတိပေးအမိန့်  ထုတ်ပြန်လိုက်သည် …
အချိန်ကား ၁၄ ၃၀ ချိန်ခန့်  …
တစ်ဆက်တည်းမှာပင် ….
ဝိုင်းပတ် ပိတ်ဆို့ ခံနေရသော စစ်ကြောင်းများအနက် …..
အခြေအနေ ဆိုးရွားသည့် ခလရ ၁၂၅ စစ်ကြောင်းအား …
လေကြောင်း ပစ်ကူပေးရန် အမိန့် ပေးခဲ့ရာ …
လားရှိုးအခြေစိုက် …
MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်၂စီး ပျံတက်သွားပြီး …
ရော့ကက်များ စက်အမြောက်များဖြင့် …
ရန်သူအား ပစ်ခတ်ခဲ့သဖြင့် …
ခလရ ၁၂၅ မှာ အတော် အသက်ရူချောင်သွားရလေသည် ….
တာမိုးညဲ ၊ မုံးစီးတာပါးလမ်းမှ တက်သွားသော …
ခလရ ၁၄၃ သည် ၁၉၀၀ချိန်ခန့် တွင် …
ကုန်းကြမ်းသို့ စတင်ဝင်ရောက်သွားသည် …
တိုက်ပွဲ ဖြစ်ပွားပြီး ၉ နာရီအတွင်း ….
ပထမဆုံး ရောက်ရှိလာသော စစ်ကူတပ်ရင်းဖြစ်သော်လည်း. ..
ဝိုင်းပတ် ပိတ်ဆို့ ထားခံရသည့် …
ခလရ ၁၂၅ စစ်ကြောင်းသို့ မရောက်ရှိနိုင်ပဲ …
ရန်သူ့ ဖြတ်တောက်ရေး အဖွဲ့  အင်အား၂၀၀ ခန့် မှ ..
လမ်းတစ်ဝက်တွင် ...
ရင်ဆိုင်ထိန်းချုပ်ထားခြင်း ခံလိုက်ရသည် …
၂၁၀၀ ချိန်ခန့် တွင် …
စစ်ကူစစ်ကြောင်းမှူးမှ အမြောက်ပစ်ကူတောင်းခံခဲ့ သဖြင့် …
ဒေသတွင်းရှိ တပ်မတော် အမြောက်စခန်းများမှ …
၁၀၅ မီလီမီတာ ဟောင်ဝဇ်ဇာ အမြောက်များဖြင့် …
စတင် ပစ်ခတ်ခဲ့ပြီး …
ရှေ့ တန်း စစ်ကြောင်းမှူးများမှ ...
အမြောက်အကဲကြည့် အဖြစ် ဆောင်ရွက်ခဲ့ကြသည် ….
လတ်တလော အခြေအနေတွင် …
ဒကစ ရှိ တပ်များမှာ ...
ထိတွေ့ မှု မဖြစ်ပွားသေးသော်လည်း ..
အပေါ်ပိုင်းတွင် ...
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီ ဖြစ်သည် …
ဒကစတွင် တပ်အသင့်နေရာယူထားပြီး …
ရဲမေများပါ ၀င်ရောက်နေရာယူထားသည် ….
ဒကစသည် ...
အရန်စစ်ကြောင်းအဖြစ်ချန်ထားသည့် …
ခလရ ၁၂၈ စစ်ကြောင်းအား …
တာရွှေထန်ရှိ ထောက်ပို့ နှင့် ….
စစ်အင်ဂျင်နီယာ တပ်ရင်းများအား…
ကာကွယ်ရန် စေလွှတ်လိုက်သည် ….
ထို စစ်ကြောင်းသည် ကံကောင်းထောက်မစွာဖြင့် …
ရန်သူ ဖြတ်တောက်မှု မခံရဘဲ ….
တာရွှေထန်သို့  ချောမောစွာ ရောက်ရှိသွားသည် ….
၁၆၀၀ ချိန်ခန့် တွင် …
သိန်းနီမှ စကခ ၁၆ စစ်ကူတပ်များ …
စတင်ထွက်ခွာလေသည် …
စကခ ၁၆ တပ်များ၏ တည်ရှိပုံအရ …
သိန်းနီ နှင့် လားရှိုးတွင် ဖြန့် ခွဲထားရှိထားရာ …
စကခမှူးသည် လားရှိုးရှိ တပ်များအား …
မစောင့်ဆိုင်းတော့ဘဲ …
သိန်းနီရှိ တပ်များဖြင့်ပင် ….
မုံးစီး -တာပါးလမ်းမှ တစ်ကြောင်း ….
ချင်းရွှေဟော်- လောက်ကိုင် လမ်းမှတစ်ကြောင်း …
အသီးသီး စတင်ချီတက် ကြပြီး …
လောက်ကိုင် - ချင်းရွှေဟော် လမ်းကြောင်းမှ …
ချီတက်သွားသည့် စစ်ကြောင်းမှာ …
ထိုနေ့ ည ၂၂၀၀ ချိန်ခန့် တွင် …
လောက်ကိုင်သို့  ရောက်ရှိလာသည် …..
တာမိုးညဲ - မုံးစီး ဘက်မှ ဖြတ်ဝင်သော စစ်ကြောင်းမှာ …
နံနက် လင်းအားကြီးအချိန်တွင် ….
တာပါးကူးတို့ ဆိပ်ကို ဖြတ်ကျော်ကာ…
ကုန်းကြမ်း သို့  စတင် ၀င်ရောက်လာလေသည် …
တိုက်ပွဲ စတင်ဖြစ်ပွားပြီး ….
၁၈ နာရီ အတွင်း တပ်မတော်၏ ခြေမြန်တပ်မတစ်ခု …
တိုက်ပွဲဖြစ်ပွားရာ နေရာသို့  …
စတင် ချဉ်းနင်း ၀င်ရောက်လာပြီ ဖြစ်သည် ….။ ။
( ရဲမိုး )
( Photo - ပစ်ကူပေးခဲ့သော ....
မိမိအမြာက်စခန်းတစ်ခု နှင့် ရဟတ်ယာဉ်များ )
အမြောက်စခန်း တည်နေရာ မသိနိုင်စေရန် ...
ပုံကို Crop လုပ်ထားပါသည် ...
မှတ်ချက် ။ ယခု ဖော်ပြပါ အချက်များသည် ...
အရေးကြီး စစ်သတင်းများ မဟုတ်တော့ပါ ..
လွန်ခဲ့သည့် ၈ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသာ ဖြစ်ပါသည် )

0 comments:

Post a Comment