Monday, February 23, 2015

လောက်ကိုင် ရှင်းတမ်း - ၎

Ye Moe feeling angry 
မှ ကူးယူဖော်ပြသည်။
6 hrs ·
လောက်ကိုင် ရှင်းတမ်း - ၎
==============
ကိုးကန့် သူပုန်တွေဟာ ….
ဖေဖော်ဝါရီလ ၉ ရက်နေ့ မှာ …
လောက်ကိုင်ဒေသကို ...
ဝင်ရောက်တိုက်ခိုက်ကြကြောင်း …
အဲဒီနေ့ နေ့ လည် ၃ နာရီ ၉မိနစ် အချိန်မှာ …
ကျွန်တော် စပြီး စတေးတပ်စ် တင်ခဲ့တယ် …
နောက်ဆက်တွဲ ဆက်တင်ဖြစ်တာကတော့ …
စကခ ၁၆ တပ်တွေ လိုက်လာပြီ …
ရဟတ်ယာဉ် ပစ်ကူလိုက်လာပြီ ….
တောင့်ထားပါ အားတင်းကြပါ …
တပ်မ ၃၃ လဲ လာတော့မှာပါ ….
စသဖြင့် စသဖြင့် …
ကျွန်တော် အားပေးခဲ့တယ် …
ဘာဖြစ်လို့ လဲဆိုတော့ …
အဲဒီ အချိန်မှာ ရှေ့ တန်းက ညီငယ်တွေ …
အသည်းအသန် ကြံ့ ကြံ့ ခံနေရတယ် …
ကျွန်တော့် မက်ဆေ့ဘောက်ကို …
ဝင်လာတဲ့  စာတွေကို ဖတ်ကြည့်လိုက်တိုင်း …
အကိုကြီး … စစ်ကူလာနေပြီလား …
ကျွန်တော်တို့ တောင့်ခံနေတယ် …
ဒီကောင်တွေ အင်အားသိပ်များတယ် …
ဒီလို စာတွေ မက်ဆေ့တွေသာ …
တောက်လျောက် ဖြစ်နေခဲ့လို့ ပဲ ….
အဲဒီ ၉ ရက်နေ့ ညမှာပဲ …
စကခ ၁၆တပ်တွေ စရောက်လာတယ် …
စကခ ၁၆ ဟာ …
တပ်စခန်းတွေကို ...
ဒု နဲ့  ၀ိုင်းထားတဲ့ ရန်သူတွေကို …
ထိပ်တိုက်ဝင်ဆောင့်တယ် …
တပ်စခန်းတွေ စိတ်ချသွားရပေမယ့် ..
သူလဲ အထိအခိုက်များတယ် …
၁၁ ရက်နေ့ မှာ …
တပ်မ ၃၃ ထပ်ရောက်လာတယ် …
စိတ်ချရတဲ့  အနေအထားတော့ ရှိသွားပြီ …
အစိုးရရဲ့ သတင်းထုတ်ပြန်မှုဟာလဲ …
တဖြည်းဖြည်း မှန်ကန် မြန်ဆန်လာတယ်. …
အခုဆိုရင် …မနက် တိုက်ပွဲဖြစ် …
ညနေ သတင်းထုတ်ပြန်တဲ့  အနေအထားကို …
ရောက်လာခဲ့ပြီ …
ဒါဆို ကျွန်တော် နားလို့ ရသွားပြီ …
လိုအပ်တယ်ထင်တဲ့ အချိန်မှ …
သတင်းကို ဖော်ပြဖြစ်တော့တယ် …
ဒီနေ့ ကတော့ …
လိုအပ်လာပြီ ထင်လို့  ….
လူတွေ အထင်စောင်းနေတဲ့  …
ဒီ ကိုးကန့် သူပုန်လောက်လေးကို တောင် …
တပ်က အခုထိ …
အပြတ်မရှင်းနိုင်ဘူးလားဆိုတဲ့  ကိစ္စကို …
သုံးသပ် တင်ပြချင်တယ် …
အစောပိုင်းမှာ …
ကျွန်တော်ကိုယ်တိုင်လဲ ဒီလိုဒေါပွခဲ့မိတယ် …
ဒါပေမယ့် ဖေဖော်ဝါရီ ၁၀ ၁၁ လောက်မှာ …
တပြိုင်တည်း လှုပ်ရှားလာတဲ့  …
တပ်တည် တပ်လှုပ် သတင်းတွေကို ကြည့်ရင်း…
ကျွန်တော် တဖြည်းဖြည်း ငြိမ်ကျလာတယ် …
တဖြည်းဖြည်း စိုးရိမ်လာရတယ် …
လောက်ကိုင်ဒေသကို …
ပထမဆုံး ၀င်လာတဲ့  စစ်ကူတပ်မဟာ …
ဒကစလောက်ကိုင်နဲ့  တပ်စခန်းတွေကို …
ဝင်ရောက် ကာကွယ်ခဲ့တယ် …
ဒုတိယ စစ်ကူတပ်မ ဟာ …
လောက်ကိုင် နဲ့  အနီးတစ်ဝိုက်ကို …
ဖြည်းဖြည်းချင်း …
ပြန်လည် ရှင်းလင်းသိမ်းပိုက်နေတယ် …
အရပ်ဘက်ဝန်ထမ်းတွေ …
တပ်မိသားစု နဲ့  ရဲတပ်ဖွဲ့ မိသားစုတွေ …
အရပ်သား ပြည်သူတွေကို ကယ်ထုတ်နေတယ် …
တတိယ တပ်မကတော့ …
ဆက်သွယ်ရေး လမ်းကြောင်းတွေကို …
လုံခြုံရေး ယူနေတယ် …
လောက်ကိုင် - သိန်းနီ ကြား Admin Line …
ဖြတ်တောက် မခံရဖို့  …
အရေးကြီး နေရာတွေကို …
ဝင်ရောက် နေရာယူ ခံစစ်ပြင်ခဲ့တယ် …
ဒါပေမယ့် …
ဒါက ကနဦး လှုပ်ရှားမှု သက်သက်ပဲ …
တဖွဲဖွဲ ရောက်ရှိလာနေတဲ့  ….
စစ်ကူတပ်တွေရဲ့ တပ်အခင်းအကျင်းတွေဟာ …
လောက်ကိုင် ဒေသတစ်ခုတည်းကို …
ရည်ရွယ် စစ်ပြင်နေတာ မဟုတ်မှန်း …
တဖြည်းဖြည်း သဘောပေါက်လာတယ် …
ဒါဆို ...
ကျွန်တော်တို့  မသိတဲ့  တစ်စုံတစ်ရာ …
တည်ရှိနေခဲ့ပြီမှန်း
ကျွန်တော် ရိပ်စားမိလာရတယ် ….
အဲဒီနောက်ပိုင်းမှာတော့ …
ငြိမ်ငြိမ်သက်သက် နဲ့ ပဲ …
တပ်အခင်းအကျင်းတွေကို …
စောင့်ကြည့်နေမိတော့တယ် …
တပ်မတွေ အများအပြားဟာ …
လျှင်လျှင်မြန်မြန် ချီတက်လာကြတယ် …
သူတို့ တာဝန်ကျတဲ့  နေရာတွေမှာ …
ချက်ချင်း နေရာဝင်ယူနေကြတယ် …
တင့်တွေ အများကြီး တက်လာတယ် …
အမြောက်တွေချည်းပဲ ...
ရာနဲ့ ချီတက်လာတယ် …
MLRS အတွဲလိုက် ...
ဒုံးပစ်ကားတွေလဲ နေရာချနေတယ် …
ဒါဟာ ဘာလဲ ????
ဘာတွေ ဖြစ်ကုန်ပြီလဲ … ???
ပြည်ပ ကျူးကျော်မှုလား …. ???
ဒီလိုတော့လဲ မဟုတ်တန်ရာဘူး ….
ပြည်ပစစ်ဆို ဒီထက်မက တပ်ဖြန့် ရမယ် …
လေယာဉ်ပစ် ဒုံးတွေ နေရာယူရတော့မယ် …
အရန် စစ်အင်အားတွေအတွက် …
ပြင်ဆင်သံတွေ စကြားရမယ် …
အခုက ဒီလောက်ထိတော့ မဟုတ် …
ဒါဆို တစ်ခုပဲ ကျန်တော့တယ် …
ရှမ်းပြည် မြောက်ပိုင်း စစ်နယ်ဝန်းကို ...
အရေးတကြီး ကာကွယ်ဖို့ အတွက် …
နေရာချတဲ့  အခင်းအကျင်းပဲ ….
ဖေဖော်ဝါရီ ၂၁ ရက်နေ့ က လုပ်တဲ့  …
တပ်မတော် သတင်းစာရှင်းလင်းပွဲ ကျတော့မှ …
အဖြစ်မှန်ကို ခန့် မှန်း တွက်ချက်နိုင်တော့တယ် …
ကျွန်တော်တို့  သစ္စာဖောက်ခံခဲ့ရတယ် ….
ကျွန်တော်တို့ ဟာ ..
ပြည်တွင်း ငြိမ်းချမ်းရေး အတွက် …
အစွမ်းကုန် လိုက်လျောခဲ့ကြတယ် …
အစွမ်းကုန် အလျော့ပေးခဲ့ကြတယ် ….
ဒါပေမယ့်  တစ်ဖက်က အဖွဲ့ တွေက …
တကယ် ရိုးသားခဲ့ကြပါသလား ?????
၂၀၁၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့  တမူးမြို့ မှာ …
တရုတ်နိုင်ငံသား ၈ဦးကို …
လက်နက် ၈လက် လက်ပစ်ဗုံး ၃၁လုံး …
ခဲယမ်းတွေနဲ့  ဖမ်းဆီးရမ်ခဲ့တယ် …
စရဖ စစ်ကြောချက်တွေအရ ….
သူတို့ ဟာ ကိုးကန့် အဖွဲ့ တွေ ဖြစ်ကြောင်း …
သိလာရတယ် …
ဋ္ဌာနချုပ်က မိုင်းလားမှာ အခြေပြုတယ် …
တိုင်းရင်းသား ...
သွေးစည်းညီညွတ်ရေးတပ်မတော်လို့  နာမည်တပ်တယ် ….
တရုတ်၊၀နဲ့  ကိုးကန့် တွေကို လူသစ်စုတယ် …
စစ်ကြောဖော်ထုတ်ချက်တွေအရ …
ဖုန်ကြားရှင်ဟာ UWSA ၊ NDAA …
KIA ၊ TNLA တို့ နဲ့  ပူးပေါင်းအဖွဲ့ ဖွဲ့ ထားတယ် …
အေကေ-၄၇ ၊အမ်-၁၆၊ ပုံစံ-၅၆-၁ ချေမှုန်းရေးရိုင်ဖယ် …
UWSA (၀)အဖွဲ့ ထုတ် ပုံစံ-၈၁- ၁ ချေမှုန်းရေးရိုင်ဖယ် ….
လက်ပစ်ဗုံး၊ မိုင်း၊ လောင်ချာ၊ စိန်ပြောင်း ….
စက်သေနတ်ကြီးတွေ တပ်ဆင်ထားတယ် ….
တိုင်းရင်း သားသွေးစည်းညီညွတ်ရေးတပ်မှာ ….
KIA အင်အား ၃၀၀ ခန့်ရှိတဲ့  တပ်ရင်း ၁ ရင်း …
UWSA (၀)တပ်ရင်း ၄ ရင်းပါဝင်တဲ့  တပ်မဟာ ၁ ခု …
ကိုးကန့် သောင်းကျန်းသူအင်အား ၁၀၀၀ ခန့် ပါဝင်တယ် …
ရည်ရွယ်ချက်ကတော့ …
ကိုးကန့်ဒေသတစ်ခုလုံးကို …
တိုက်ခိုက်သိမ်းယူသွားဖို့ နဲ့  …
၎င်းမှ တစ်ဆင့် မြန်မာ- တရုတ်နယ်စပ် …
မုံးကိုး၊ဖောင်းဆိုင်ကနေ …
မြစ်ကြီးနားဘက် အထိ ….
ချီတက် သိမ်းပိုက်သွားဖို့ ဖြစ်တယ် …
၂၀၁၄ ခုနှစ်၊ အေပြီ၊ မေလတွေမှာ ….
ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ ...
အလင်းဝင် ၄ ဦး နဲ့  …
ဖမ်းဆီးရမိ ၂ ဦးတို့ကို…
စစ်ကြောရေးလုပ်ချိန်မှာ …..
ဒီ အချက်တွေကို ထပ် အတည်ပြုနိုင်ခဲ့တယ် ….
၂၀၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းက စပြီး ….
ဖုန်ကြားရှင်ဦးစီး အင်အား ၁၀၀၀ ခန့်ဟာ…
မိုင်းလားနဲ့  ၀ ဒေသရှိ …
တိန်းတန်၊ နားဝီး မှာ ယာယီအခြေပြု …
KIA အင်အား ၁၀၀ ခန့် …
SSA (ဝမ်ဟိုင်း)၁၀၀ ခန့် …
TNLA အင်အား ၁၀၀ ခန့်တို့ နဲ့  ပူးပေါင်းပြီး ….
မုံးစီး၊ နမ့်ကျွမ်း၊ ဝေါခြုံ ….
မုံးကိုးနှင့် မုံးယားဒေသများကို ဝင်ရောက်ခဲ့တယ် ….
၂၀၁၄ ခုနှစ်၊ အေပြီ ၂၁ ရက်မှာ …
ဖုန်တာရွှင် ခေါင်းဆောင်တဲ့  …
အင်အား ၃၀၀ ဦးဟာ မန်ကန်ရွာ ….
KIA အဖွဲ့မှ တောက်ဟုန်ခေါင်းဆောင်တဲ့  ….
အင်အား ၈၀ ခန့် နဲ့  …
TNLA အဖွဲ့မှ ၁၂၀ ခန့် တို့ ဟာ ….
မန်ဂျယ်ကျေးရွာ ….
ဖုန်ဝမ်အမ်း ခေါင်းဆောင်တဲ့  အင်အား ၁၀၀ ခန့် နဲ့  …
SSA (ဝမ်ဟိုင်း) စိုင်းလောဝ်ခေါင်းဆောင်တဲ့  ….
အင်အား ၁၀၀ ခန့်ဟာ …
မုံးပေါ်လေးတံတားမှ ...
တာပါးတံတားကို ချီတက်ပြီး ….
လောက်ကိုင်၊ မုံးကိုး ဒေသကို တိုက်ခိုက်ဖို့  …
လမ်းကြောင်း ၃ ကြောင်း နဲ့  ဝင်ရောက်ခဲ့တယ် …
တပ်ဘက်က သတင်းရလို့  …
နယ်မြေရှင်းလင်းတဲ့ အတွက် ….
လောက်ကိုင်ကို သိမ်းပိုက်မယ့် …
ရည်ရွယ်ချက် မအောင်မြင်ဘဲ …
တာမုံဝါးကို ဆုတ်ခွာစောင့်ဆိုင်းခဲ့ရတယ် …
ကျန်အဖွဲ့တွေကတော့ …
လောက်ကိုင်ဒေသ ကျေးရွာတွေမှာ စိမ့်ဝင်ပြီး …
အရပ်သားအသွင် တပ်ဖျောက်ထားခဲ့တယ် …
၂၀၁၄ ခုနှစ်၊အောက်တိုဘာမှာ …
အင်အား ၃၂၀ ခန့်ဟာ …
လွင်ကန်ဒေသ တစ်ဝိုက် ....
ပြန်လည်ရောက်ရှိ …
ဖြန့်ခွဲ ခိုအောင်းခဲ့တယ် …
နိုဝင်ဘာ တတိယပတ်မှာ …
သိန်းနီ မြို့နယ်၊ မန်လင်ကျေးရွာအုပ်စု…
မြောက်ဘက်ရှိ တောင်ကုန်းများကို …
ဝင်ရောက်လှုပ်ရှား ခဲ့တဲ့ အတွက် …
တပ်က ရှင်းလင်းရာမှာ …
နန့်ကျွမ်း၊ ဝေါခြုံ နဲ့  မုံးပေါ်လေးနယ်မြေတစ်ဝိုက် ….
တိမ်းရှောင်တပ်ဖျောက်သွားခဲ့တယ် …
ဒီအဖွဲ့ မှာ ….
KIA ၊ TNLA ၊ SSA (ဝမ်ဟိုင်း)အဖွဲ့တွေ …
ပါဝင်တယ်လို့  ဖော်ထုတ်လို့ ရခဲ့တယ် ….
ဒီ လှုပ်ရှားမှုတွေကို တပ်က လိုက်ရှင်းချိန်မှာ …
တိုက်ပွဲကြီး/ငယ် ၂၀ လောက်ဖြစ်ခဲ့ပြီး ….
တပ်မတော်မှ စစ်သည် ၁၂ ဦးကျဆုံး …
အရာရှိ ၃ ဦး၊ စစ်သည် ၃၃ ဦး ဒဏ်ရာရရှိခဲ့တယ် …
လက်ရှိအနေအထားမှာ …
ဒီ ဖြစ်စဉ်ကြီး တစ်ခုလုံးကို ….
တရုတ် နိုင်ငံကလဲ …
မီးစ တစ်ဖက် ရေမှုတ်တစ်ဖက် လုပ်နေတယ် …
ဖုန်ကြားရှင် တပ်တွေဟာ ….
တရုတ်ရဲ့ အောက်ခြေ ထောက်ပံ့ မှု ရနေတယ် …
နယ်စပ် ဖြတ်ကျော်ခွင့် ရှိတယ် …
တရုတ်နယ်မြေထဲ လက်နက်ကိုင်ခွင့် ရှိတယ် …
ဒဏ်ရာရသူတွေကို တရုတ်ဆေးရုံတွေမှာ ကုတယ် …
တိုက်ပွဲကို တရုတ်ပြည်ထဲက ကွပ်ကဲတယ် …
တိုက်ပွဲဖြစ်တဲ့  ကာလ တစ်လျောက်လုံး ...
တပ်မတော်က ကြားဖြတ်စက်တွေမှာ ...
ကချင်လို ပြောသံရော ...
ဝလို ပြောသံရော ...
ကိုးကန့်  စကားရော ...
တရုတ် စကားတွေပါ Inter မိနေခဲ့တယ် ...
ဒီလောက်ဆိုရင် …
ဘယ်သူတွေ ဘာကြံနေမှန်း …
အခြေအနေက ….
အတော်သိသာလောက်ပြီ ….
ဒါကြောင့်မို့ လို့  ….
တပ်မတော်ဟာ …
လောက်ကိုင် အခြေအနေကို …
ထိန်းချုပ်နိုင်ရုံ ထိန်းထားခဲ့ပြီး ….
ရှမ်းပြည်မြောက်ပိုင်း စစ်နယ်ဝန်းကို …
ကာကွယ်ဖို့ အတွက် ....
အရေးတကြီး စစ်ပြင်ခဲ့ရတယ် ….
အခု ကျွန်တော်တို့  တပ်တွေ ….
အကုန်နေရာယူပြီးပြီ ….
စစ်ကိုလိုရင် စစ်ကို ပေးမယ် …
ငြိမ်းချမ်းရေးကို လိုချင်ရင် …
ငြိမ်းချမ်းရေးကို ပေးမယ် ….
ဒီတစ်ခါ စစ်ဖြစ်ရင်တော့ …
ရှိသမျှ လေယာဉ် တင့်ကား ဒုံးပျံ ….
စစ်အင်အား အကုန်အသုံးချပြီး ..
မရိုးသားတဲ့  အဖွဲ့ တွေကို ...
အပြတ်တိုက်ဖို့ သင့်ပြီ …
စစ်တပ်က ၂၂ နှစ် လုံး နာမည်အပျက်ခံပြီး …
ရုပ်သေးအစိုးရတောင် မလုပ်ခဲ့ပဲ …
ခပ်ပြောင်ပြောင် နဲ့  စစ်အစိုးရ လုပ်…
တပ်တွေ အများကြီးတိုးချဲ့  …
ခေတ်မီ စစ်လက်နက်တွေ တပ်ဆင်ခဲ့တာ …
ဒီလို သောက်ချိုးတွေ ကြိုသိခဲ့လို့ ပဲ ဆိုရမယ် …
ဒီကိစ္စထဲ ၀င်ပါနေတဲ့  …
တိုင်းရင်းသား လက်နက်ကိုင် ....
အဖွဲ့ ငါးဖွဲ့ အနေနဲ့  …
တစ်ခုပဲ ဆုံးဖြတ်ဖို့ လိုတော့တယ် ….
ဖုန်ကြားရှင်ကို ကူ မလား …
စစ်ကို ယူမလား ….
ဒါပဲ ပြောဖို့  ရှိတော့တယ် ….. ။ ။
( ရဲမိုး )
https://www.facebook.com/yemoe.nyogroup/posts/702135139899384:0 မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment