Tuesday, February 10, 2015

ချောက်မြို့ အထက ၁ ကျောင်း တွင်အသိ ပညာပေးလုပ်ငန်းများဟောပြောဆောင်ရွက်




ချောက်   ဖေဖော်ဝါရီ  ၉  ရက်

     ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများကို ချောက်မြို့ အထက ၁ မြရိပ်ညိုခန်းမ၌ယနေ့ နေ့ လယ် ကကျင်းပသည်။

     ရှေးဦးစွာ ကျောင်းသား/သူများအား အတတ်ပညာသာမက အသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ခြင်းမှရရှိသောအကျိုးကျေးဇူးများ ကိုပြန်/ဆက်ဦးစီးဌာန မှမြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာ ကဟောပြောခြင်း ဆက်လက်၍ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် နံရံကပ် စာစောင် ဓာတ်ပုံပြပွဲ စာအုပ်ပြပွဲ များခင်း ကျင်းပြသရာ ဆရာ/ဆရာမ များ ကျောင်းသား/သူများ (၇၀၀) ကျော် ကြည့်ရှုလေ့လာဖတ်ရှု ခဲ့ကြောင်း သတင်းရ ရှိသည်။

            ဦးဝင်းဌေး ( ချောက်)

0 comments:

Post a Comment