This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, February 27, 2015

ကိုယ်ရံတောင်ကျေးရွာတွင်မီးဘေး ကြိုတင် ကာကွယ်ရေးနှင့်ပညာပေးဟောပြောပွဲ ကျင်ပ


မြို့သစ်ဖေဖော်ဝါရီ  ၂၅
            မကွေးခရိုင် မြို့သစ်မြို့နယ်  မြို့နယ်
မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှုး
ဦးသောင်းတင်နှင့်တပ်ဖွဲ့ဝင်များသည်ကိုယ်ရံ
တောင်ကျေးရွာသို့ဖေဖော်ဝါရီ၂၅  ရက်နေ့
နံနက်ပိုင်းကသွားရောက်ကာမီးဘေးကြိုတင်
ကာကွယ်တားဆီးရေးလုပ်ငန်းများဟောပြော
ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

             ရှေးဦးစွာ မြို့နယ်မီးဘေးကြိုတင်
ကာကွယ်တားဆီးရေးကော်မတီဥက္ကဌမြို
နယ်အုပ်ချုပ်ရေးမှုးဦးဗိုလ်အောင်မောင်  ၏
လမ်းညွှန်မှုဖြင့်မီးသတ်ဦးစီးမှုး
ဦးသောင်တင်က ကျေးရွာပြည်သူများ မီး
လောင်မှု  ထိတ်လန့်မှုမရှိစေရန်နှင့်မီးလောင်
လွယ်သောအရာများကို ကိုင်တွယ်အသုံး
ပြုရာတွင် သတိဝရီယ ထားကိုင်ဆောင်
အသုံးပြုရန်  အထူးသဖြင့် ဆိုင်ကယ်များ
တွင်အသုံးပြုသောဓါတ်ဆီ  များနွားစာ
အဖြစ်အသုံးပြုသောကောက်ရိုးများ အစရှိ
သောပစ္စည်းများကိုအထူးဂရုပြုကို
င်တွယ်
အသုံးပြုသွားရန်နှင့်ပြည်သူများသိသင့်
သိထိုက်သောမီးဘေးကြိုတင်ကာကွယ်ခြင်း
အစရှိသောလုပ်ငန်းများကိုပညာပေးဟော
ပြောဆွေးနွေးခဲ့သည်။
            ဆက်လက်၍  ကျေးရွာအတွင်း
အိမ်တိုင်း အိမ်တိုင်း  မီးဘေးကြိုတင်ကာ
ကွယ်ရေးပစ္စည်းများ  ရှိ/ မရှိ  စစ်ဆေးခြင်း
ထမင်းချက်ရာနေရာနှင့်မီးလင်ကြွင်းရှိ/မရှိ
စစ်ဆေးခြင်းများလုပ်ကိုင်ဆောင်ရွက်ခဲ့
သည်။
             အဆိုပါလုပ်ငန်းများကို မြို့နယ်
မီးဘေးကြိုတင်ကာကွယ်တားဆီးရေး
ကော်မတီဥက္ကဌ၏လမ်းညွှန်မှုခံယူကာ
ကျေးရွာများသို့ အခါအားလျော်စွာ ကွင်း
ဆင်းလုပ်ကိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

                          ဇော်ဇော်(မြို့သစ်)
 

နတ်မောက်တွင်၂၀၁၄ခုနှစ်မိုးရာသီ ဘဏ်ချေးငွေများပြေကျေမှုဂုဏ်ပြုပွဲအားအခမ်းအနားဖြင့်ကျင်းပ


မကွေးတိုင်ဒေသကြီးနတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌၂၀၁၄ခုနှစ်ဖေဖေါ်ဝါရီ၂၆ရက်နံနက်၁၀နာရီအချိန်တွင်၂၀၁၄ခုနှစ်မိုးရာသီဘဏ်ချေးငွေပြေကျေမှုဂုဏ်ပြုပွဲအခမ်းအနားကျင်းပသည်။

ရှေဦးစွာအခမ်းအနားပွင့်လှစ်၍မြို့နယ်အုပ်ချုပ်ရေးမှူးဦးဌေးအောင်ကအဖွင့်အမှာစကားပြောကြားကြောင်းသိရသည်။

ဆက်လက်၍မြှိုနယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာဦးမျိုးနိုင်မှ၂၀၁၄မိုးရာသီဘဏ်ချေးငွေပြန်လည်ကောက်ခံရရှိမှုလုပ်ငန်းများအကြောင်းရှင်းလင်းတင်ပြပြောကြားသည်
အစီစဉ်အရပထမပြေကျေစွာပေးဆပ်သည့်ရွာတော်ကျေးရွာအုပ်စုဒုတိယပြေကျေစွာပေးဆပ်သည့်တဲကြီးကျေးရွာအုပ်စုတတိယပေးဆပ်သည့်ဆင်သေကန်အုပ်စုစတုတ္ထပြေကျေစွာပေးဆပ်သည့်ဆည်လည်အုပ်စုတို့အားမကွေးခရိုင်အတွင်းနတ်မောက်မြို့နယ်ကပထမဖြစ်၍ဂုဏ်ပြုဆုများအားဦးဌေးအောင်နှင့်ဦးမျိုးနိုင်တို့မှဆုရရှိသောအုပ်စုတာဝန်ရှိသူများအားပေးအပ်ခဲ့
ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများမိုးရာသီချေးငွေအဖွဲ့ဥက္ကဌနှင့်အတွင်းရေးမှူးများစုစုပေါင်းအင်အား၂၀၀ဦးတက်ရောက်ကြောင်းသိရသည်။

နတ်မောက်သားမြွေဟောက်

တောင်တွင်းကြီးမှာ ညပိုင်း လုယက်မှုများရှိနေ



မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ မြို့ပေါ်လမ်းမကြီးများပေါ်တွင် အသက် ၃၀ ၀န်းကျင်အရွယ်ရှိ အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်စီးနှင်းပြီး စက်ဘီးစီးပြည်သူများ၊ ဆိုက်ကားနင်းပြည်သူတစ်ဦးနှင့် လမ်းလျှောက်လာသော အမျိုးသမီးငယ်တို့၏ လက်ကိုင်ဖုန်းလုယူမှုများ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ လုယူထွက်ပြေးမှုအကြိမ်ပေါင်း ခြောက်ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

အဆိုပါလုယူမှုများမှာ ည ၇ နာရီနောက်ပိုင်းတွင်ဖြစ်ပွားလေ့ရှိပြီး ည ၂ နာရီအချိန်ခန့်က တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟန်းဖုန်းလုယူခြင်းခံခဲ့ရသူ အုန်းတော ၂ ရပ်ကွက်နေ ဆိုက်ကားနင်းသူ ကိုသန့်ဇင်ဦးမှ “ ကျွန်တော်က ညပိုင်းဆိုက်ကားနင်းသူတစ်ယောက်ပါ အဲ့ဒီနေ့ ည ၂ နာရီလောက်က လူစီးမရလို့ ဆိုက်ကားနင်းပြီး အိမ်ကိုပြန်လာတဲ့အချိန် ကျွန်တော့်နောက်ကဆိုင်ကယ်တစ်စီးကကပ်လိုက်လာပြီး ခါးမှာချိတ်ထားတဲ့ ဖုန်းကိုလုယူထွက်ပြေးသွားတယ်။ အရစ်ကျငွေပေးပြီးဝယ်ထားရတဲ့ဖုန်းလေး အခုထိဖုန်းဖိုးမကျေသေးပါဘူး ” ဟု ပြောကြားခဲ့သည်။


ထိုသို့အလုခံရသူများတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦးရှိကြောင်းသိရပြီး ထိုသူများမှာလည်း မြို့နယ်ရဲစခန်းသို့ တိုင်ကြားထားခြင်းများမရှိကြောင်းသိရသည်။
ပျောက်သွားတဲ့ဖုန်းက တစ်သိန်းသုံးသောင်းကျော်ပဲရှိတယ် အမှုဖွင့်ရင် ဒီ့ထက်ပိုကုန်မှာမို့ အမှုမဖွင့်ပါဘူးဟု လုယူခံရသူတစ်ဦးမှပြောကြားသည်။


မြို့နယ်အတွင်းရှိပြည်သူများမှလည်း အဆိုပါဖုန်းလုသည့်သတင်းများကြောင့် မိမိတို့တွင်ပါရှိသည့် အဖိုးတန်ရွှေ ငွေများနှင့် လက်ကိုင်ဖုန်းများကို သတိကြီးစွာထားရှိပြီး မိသားစုစားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရကြောင်းသိရသည်

အေကေကေ(တောင်တွင်း)

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်




 နိုင်ငံအတွင်းရှိ SME များတွင် အရွယ်အစား သေးငယ်မှုကြောင့် ကြုံတွေ့နေရသည့် အဟန့်အတားများ လျော့နည်းစေရန်  အစုအဖွဲ့ Cluster များစုဖွဲ့၍ ဆောင်ရွက်လျှက်ရှိကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း                   SME (  မကွေး) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်း နှင့်   အဖွဲ့သည်  ပခုက္ကူစက်မှုဇုန်သို့ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းကလည်းကောင်း     ရေနံချောင်းစက်မှုဇုန်သို့ ၂၀၁၄ခုနှစ်   စက်တင်ဘာလနှင့် ၂၀၁၅ခုနှစ် ဇန်နဝါရီလအတွင်းကလည်းကောင်း သွားရောက်၍ စက်မှုဇုန် ဥက္ကဋ္ဌ        တာဝန်ရှိသူများ လုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။  


(၉.၂.၂၀၁၅) ရက်နေ့တွင်   ရေနံချောင်းစက်မှုဇုန်သို့ SME (မကွေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုသဲနှင့် ဝန်ထမ်း (၂) ဦးမှလည်းကောင်း        (၁၈.၂.၂၀၁၅ )   ရက်နေ့တွင် ပခုက္ကူစက်မှုဇုန်သို့      လက်ထောက်ညွှန်ကြားရေးမှုး ဥင်္ီးမြင့်မိုးနှင့် ပခုက္ကူခရိုင်ရုံးမှ SME ဝန်ထမ်းများမှ   လည်းကောင်း ထပ်မံသွားရောက်၍ Cluster အစုအဖွဲ့များ စုဖွဲ့နိုင်ခဲ့ပြီး   SME Member List များရရှိရေး စက်မှုဇုန်ဥက္ကဋ္ဌ      တာဝန်ရှိသူများ လုပ်ငန်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ှ

 မြေလတ်မီဒီယာ

မကွေးမြို့မဈေးကြီးမီးဘေးကာကွယ်ရေးအတွက် မီးသတ်ကြိုတင်ဇာတ်တိုက်လေ့ကျင့်




          ၂၀၁၅၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက်၉း၁၀ မှ ၉း၂၀ နာရီအချိန်ခန့်အထိမကွေးမြို့မဈေးကြီးအတွင်းမှာမီးဘေးကာကွယ်ရေးအတွက် မီးသတ်ကြိုတင်ဇာတ်တိုက်လေ့ကျင့်ကြောင်းမြေလတ်မီဒီယာ မှ သတင်းရရှိသည်။

          ၎င်းမီးသတ်ကြိုတင်လေ့ကျင့်ရေးတွင် မကွေးမြို့နယ်မီးသတ်ဦးစီးမှူး နှင့် တပ်ဖွဲဝင် ၈ ဦး၊ မီးသတ်ကား နှစ်စီး၊ မကွေးမြို့နယ်စည်ပင်သာယာရေးဌာန မှ ဦးစီးအရာရှိနှင့် ၀န်ထမ်း ၂၀ ဦး၊ ဈေးမိဈေးဖ ၁၀ ဦးတို့ တက်ရောက်ကြသည်။

          မကွေးမြို့မဈေးကို ၁၉၉၇ ခုနှစ်ကမီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ၎င်းနေ့မှာချောက်မြို့ဈေးကြီးလည်းမီးလောင်ခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်မှာရေနံချောင်းဈေးကြီးကိုမီးလောင်ခဲ့ကြောင်း၊ ၂၀၁၅ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်းရေနံချောင်းဈေးကြီးကိုမီးလောင်ခဲ့ကြောင်းမကွေးမြို့မဈေးမိဈေးဖတစ်ဦးကမြေလတ်မီဒီယာ
ကိုပြောသည်။

မြေလတ်မီဒီယာ

ပေါက်မြို့မဈေးအတွင်း မီးဘေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်




ပေါက်     ဖေဖော်ဝါရီ      ၂၆
          မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးခြင်းမှကြိုတင်ကာကွယ်နိုင်ရေးအတွက် ပေါက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်လျှပ်စစ်တို့ပူးပေါင်း၍ ပေါက်မြို့မဈေး၌ လက်တွေ့ဇာတ်တိုက် သရုပ်ပြခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် ဈေးသူ ဈေးသားများ မီးသတိရှိစေရေးအတွက် မီးသုံးမှုများနှင့် လျှပ်စစ်သွယ်တန်းမှုများကို လိုက်လံစစ်ဆေးအကြံပြုခြင်း မီးဘေးကြိုတင် ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် မီးဘေးအန္တရယ်ကျရောက်ပါက မီးသတ်ကားများ အလျှင်အမြန်ဝင်ရောက်နိုင်ရေးအတွက် လမ်းကြောင်းများ ရှင်းလင်းခြင်း အပေါ့စားမီးသတ်စက် များဖြင့် မီးငြိမ်းသတ်ခြင်း မီးသတ်ဆေးဘူးဖြင့် ကိုင်တွယ်အသုံးပြုခြင်းတို့ကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။

          မီးငြိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်စည်ပင်ကော်မတီဝင်များ ဈေးကော်မ တီဝင်များနှင့်ဈေးသူဈေးသားများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် အဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများ ရှင်းလင်း



မကွေး     ဖေဖော်ဝါရီ     ၂၆
          နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ  ခရိုင်တရားသူကြီးများ၏ အဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအတွေ့အကြုံများ ရှင်းလင်း ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းမှ ရှင်းလင်းမှာကြားခဲ့သည်။ 

          ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်နုယဉ်မှ တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်များ မှာကြားဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးအုန်းသောင်းက တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲရေး ကိစ္စများနှင့် ထောက်ပံ့ရေးရာကိစ္စရပ်များကို မှာကြားဆွေးနွေး ခဲ့ကြောင်းသိရသည်။

          အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး တရေားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေး အရာရှိများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်တရားရုံးများနှင့်မြို့နယ် တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)