မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးတွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ ရပ်/ကျေး (၁၆)နှစ်အောက် လူငယ်မောင်မယ်များ (၂၅)ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲအား မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နှင့်လူငယ်လုပ်ငန်းကြီးကြပ်မှုဖြင့် (၁)ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်းချုပ်၊ (၂)တက္ကသိုလ်ကျောင်းသားဘဝ၊ (၃)လွတ်လပ်ရေးကြိုးပန်းမှုသမိုင်း၊ (၄)ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင်အာဇာနည်နေ့၊ (၅)ဗိုလ်ချုပ်အောင်ဆန်းအပေါ်မိမိ၏အမြင်နှင့်စိတ်ခံစားမှု ဟူသောခေါင်းစဉ်(၅)ခုဖြင့် ၂၀၁၅-ခုနှစ်၊ ဇန်နဝါရီ(၁၈)ရက်နေ့လည်(၃)နာရီမှ (၄)နာရီအထိ ဖြေဆိုခဲ့ကြောင်း ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ပ-ဒု-တ ရွေးပြီး ဆုပေးပွဲနှင့်ကျဘမ်းစကားပြောပြိုင်ပွဲ၊ စကားရည် လုပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နံနက်(၇)နာရီအချိန်မှစ၍ ဗိုလ်ချုပ်ကြိုက်နှစ်သက်ခဲ့သော ပဲပြုတ်နှင့်နံပြားအား လူမျိုးမရွေး ဘာသာမရွေး ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။
တက္ကသိုလ်ငယ်လေး
အမှတ်(၁)ရပ်ကွက်
ဆင်ပေါင်ဝဲမြို

0 comments:
Post a Comment