Kamayut Media added 4 new photos. မှ ကူးယူဖော်ပြပါသည်။
မြင်းခြံအထွက် အာဏာပိုင်များ လုံခြုံရေးတာဝန်မယူတော့
မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတိုက်မှာ တည်းခိုနေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနဲ့ မြို့နယ်မှူးတို့ဟာ ဒီကနေ့ည ၈နာရီကျော်မှာ လာရောက်တွေ့ဆုံခဲ့ပြီး မြင်းခြံမြို့အပြင်ကို ထွက်ခွာတဲ့အခါ သူတို့အနေနဲ့ လုံခြုံရေးအရ တာဝန်ယူမပေးနိုင်တဲ့အကြောင်း လာရောက်ဆွေးနွေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ည ၈နာရီခွဲကစပြီး
မြင်းခြံမြို့မှာရှိတဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ
ဆက်သွယ်လို့မရတော့တာကြောင့် အာဏာပိုင်တွေက ဖြတ်တောက်လိုက်တယ်လို့
ယူဆနေချိန်မှာ တောင်သာဘက်က စွမ်းအားရှင်လို့ယူဆလို့ရတဲ့ သင်္ကန်းဝတ်နဲ့ လူ
အင်အား ၂ဝဝကျော်ဟာ မြင်းခြံဘက်ကို လာရောက်နေတာကြောင့် မြင်းခြံတစ်မြို့လုံး
တုန်လှုပ်ခြောက်ခြားနေကြတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ပြန့်နေပါတယ်။
ကျောင်းသားသပိတ်ဟာ မနက်ဖြန်မနက် (ဇန်နဝါရီ ၂၇)မှာ မြင်းခြံကနေ ကျောက်ပတောင်းကိုအသွား တောင်သာကို ဖြတ်သန်းသွားမှာဖြစ်တယ်လို့ ကြေညာထားပြီး မြင်းခြံမြို့အပြင်မှာလည်း သံဆူးကြိုးတွေနဲ့ ပိတ်ကာချထားလိုက်တယ်လို့ နောက်ဆုံးဆက်သွယ်လို့ရတဲ့ တယ်လီဖုန်းသတင်းအရ သိရပါတယ်။ မြင်းခြံမှာတော့ ကျောင်းသားသပိတ်ကို ကူညီဖို့ နာရေးကူညီမှုအသင်းတွေက ပရဟိတအဖွဲ့တွေဟာ ကျန်းမာရေးကိစ္စတွေကို ထောက်ပံ့နေပါတယ်။

The Irrawaddy (Burmese Version) added 5 new photos.မှ ကူးယူဖော်ပြပါသည်။
7 hrs ·
တောင်သာက အပိတ်အဆို့
ဧရာဝတီ
တောင်သာမြို့အဝင် နန်းမြင့်တောင်ကြားကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားခြင်းအား ဧရာဝတီဓာတ်ပုံသတင်းထောက် ဂျေပိုင်က ရိုက်ကူးထားခြင်းဖြစ်သည်။ နေ့ခင်း ၂ နာရီ သတင်းပေးပို့ချက်အရ မြင်းခြံမှ ချီတက်လာသော ကျောင်းသားသပိတ်စစ်ကြောင်း ယင်းနေရာသို့ နောက်တနာရီအကြာ ရောက်မည်။

0 comments:
Post a Comment