Tuesday, January 20, 2015

ဆက်သွား_တောင်လျှောင်းကျေးရွာချင်းဆက်မြေသားလမ်း စက်ယန္တရားကြီးဖြင့်ဖောက်လုပ်

တောင်တွင်းကြီး ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ၏၂၀၁၄_၂၀၁၅_ဘဏ္ဍာရေးနှစ်ရံပုံငွေ(၁၈၅)သိန်းဖြင့်အရှည်
၎-မိုင်အကျယ် ၂၀-ပေအမြင့်၃-ပေရှိဆက်သွားတောင်လျှောင်းကျေးရွာချင်းဆက်မြေသားလမ်း
အားစက်ယန္တရားကြီးဖြင့်ဆောင်ရွက်လျှက်ရှိရာမြို့နယ်အုပ်ချူ ပ်ရေးမှူးဦးသိန်းဇော်တိုင်းဒေသကြီး

လွတ်တော်ကိုယ်စားလှယ်ဦးကြည်သိန်းမြို့နယ်ဆည်မြောင်းဦးစီးအရာရှိဦးသိန်းအောင်
မြို့နယ်မြေစာရင်းဦးစီးအရာရှိဦးသိန်းအောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြုကော်မတီဦဦးအောင်ကျော်ထူးအုပ်စုအုပ်ချူ ပ်ရေးမှူး
ရပ်/ကျေးအထောက်အကူပြုကော်မတီများလိုက်ပါလျှက်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု
အခြေအနေများကိုဇန်နဝါရီလ ၁၉ ရက်ညနေပိုင်းကကြည့်ရှူပြီးသတ်မှတ်ကာလ
အတွင်းပြီးစီးရေးလမ်းအရည်အသွေးကောင်းမွန်ရေးတိုအတွက်ဒေသခံပြည်သူများက
ပါဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါမြေသားလမ်းဖောက်လုပ်ပြီးစီးသွားပါကဒေသခံပြည်သူများတောင်တွင်းကြီးမြို့သို့
လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပြီးဒေသထွက်ကုန်များကိုတောင်တွင်းကြီးမြို့မှ
တဆင့်ရန်ကုန်မန္တလေးနေပြည်တော်မကွေးအစရှိသည့်မြို့ကြီးများသို့ပို့ဆောင်ပေးနိုင်ကာ
ကုန်စည်စီးဆင်းမှုကိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
နိုင်ဝင်း


0 comments:

Post a Comment