Friday, January 16, 2015

သတ္တမအကြိမ် မကွေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့(အဌမ) အစည်းအဝေးပွဲ ကျင်းပ



မကွေး     ဇန်န၀ါရီ     ၁၂
သတ္တမအကြိမ်မကွေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့(အဌမ)အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မကွေးမြို့ တိုင်းဒေသကြီး သံဃနာယကကျောင်းတော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော သံဃာတော်များအားလုံးက နမောတဿ သုံးကြိမ်ရွက်ဆိုဖွင့်လှစ်တော်မှုကြပြီး သဘာပတိဆရာတော်က  ဥယျောဇနကထာ အစည်း အဝေးဖွင့် မြွတ်ကြားတော်မှုခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒ န္တပဏ္ဍိစ္စသာရ မှ တိုင်းဒေသကြီး သြ၀ါဒါစရိယဆရာတော်ကြီးကိုယ်စား သြ၀ါဒကထာကို ဖတ်ကြားချီးမြှင့်တော်မှုပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေက သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့သည်။

ဆက်လက်၍  တစ်နှစ်တာဆောင်ရွက်ခဲ့သော တိုင်းဒေသကြီးသံဃနာယကအဖွဲ့၏ အစီရင်ခံစာ များကို အကျိုးတော်ဆောင် ဆရာတော်ကဖတ်ကြားတင်သွင်းလျှောက်ထားခြင်း၊သဘာပတိဆရာတော်က တိုင်းဒေသကြီးသံဃာ့ဝန်ဆောင်ဆရာတော်များ၏ဆန္ဒကိုခံယူလျက် အတည်ပြုပေးတော်မှုခြင်း၊ ကြွရောက် တော်မှု  ကြသော တိုင်းဒေသကြီး သံဃ၀န်ဆောင်ဆရာတော်များမှ အကြံပြုဆွေးနွေးတော်မှုကြခြင်းများ ဆောင်ရွက်တော်မှုကြပြီး  တိုင်းဒေသကြီးသြ၀ါဒါစရိယ ဆရာတော်ကြီးများ၊သံဃာ့ဝန်ဆောင်ဆရာတော် များအား ဆွမ်းကွမ်းနှင့်ဖျော်ရည်လှူဒါန်းကြသော ကုသိုလ်ရှင်များကို မှတ်တမ်းတင်လျှောက်ထားခဲ့သည်။

၎င်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ် သာရဏီယကထာ မြွတ်ကြားတော်မှုပြီး ကြွရောက် တော်မှုလာကြသောဆရာတော်များအားလုံးက  စိရံ တိဌတု သဒ္ဓမ္မော စသော(၂)ဂါထာကို(၃)ကြိမ်ရွက်ဆို ကာ အစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment