Saturday, January 3, 2015

လွတ်လပ်ရေးနေ့ အကြို ဟောပြောပွဲကျင်းပ


        
    မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပညာရေးဌာနနှင့်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း ဆောင်ရွက်သော (၆၇)နှစ်မြောက်လွတ်လပ် ရေးနေ့အကြိုဟောပြောကို (၁-၁-၂၀၁၅)ရက် နေ့က (အထက ခွဲ)အရှေ့ကံတွင်းကျေးရွာ တွင်နံနက်(၁၀)နာရီတွင်လည်းကောင်း နေ့လည်(၂)နာရီအချိန်တွင် (အထက) လက်ဆည်ကျေးရွာလည်းကောင်းဟောပြော ကြသည်။
    ဟောပြောပွဲတွင် မြို့နယ်ပြန်/ဆက်ဦးမှူး ဦးမျိုးမြင့်အောင်က လွတ်လပ်ရေးကို ထိန်း သိမ်းကာကွယ်ကြစို့ ခေါင်းစဉ်ဖြင့်ဟောပြော ခြင်း အလယ်တန်းပြဆရာမဒေါ်လှဝင်းစိန်နှင့်
ဒေါ်နှင့်ခိုင်တို့ကလွတ်လပ်ရေးသမိုင်းကြောင်း များကို အသီးသီးဟောပြောကြပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ နယ်လှည့် စာကြည့် တိုက်ကိုလည်း ဆရာ ဆရာမများနှင့်ကျောင်း သား/သူများ စာပေဖတ်ရှုလေ့လာနိုင်ရေး အတွက် ဖွင့်လှစ်ပေးကြောင်းသိရှိရသည်။

    ဆိပ်ဖြူ  ဇန်နဝါရီ   ၁
                              
      မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment