ချောက် ဇန်နဝါရီလ ၂၇ ရက်
ချောက်မြို့နယ်တွင် အရပ်ရပ်အခွင့်
အရေးလိုင်စင်များအား(ဈေးပြိုင်)စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကိုယမန်နေ့ နံနက်
ကမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လေလံအဖွဲ့ ခေါင်းဆောင်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ
ဦးထင်အောင်ကလေလံစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပြီးအဖွဲ့ ဝင်များဖြစ်ကြ သည့်မြို့နယ်စီမံခန်
့ခွဲမှုကော်မတီဥက္ကဌ ဦးမောင်မောင်သက် မြို့နယ်စည်ပင်သာယာ ရေးကြီးကြပ်မှုကော်မတီဥက္ကဌဦးဝင်းနိုင်
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်စည်ပင်သာ ယာရေးအဖွဲ့ ဒုဦးစီးမှူး( အခွန်)တို
့၏ ကြီးကြပ်မှုဖြင့်လေလံစွဲဝယ်သူ လေ့လာ ကြည့်ရှု့ သူ ၁၅၀၏ရှေ့ မှောက်တွင်ဈေးပြိုင်
ပေးဝယ်ယူ၍ပွင့်လင်းမြင်သာစွာဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။
၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်အတွက် အခွင့်အရေးလိုင်စင် ၂၆ ရပ်မှ ၁၆ ခုအား ကြမ်းခင်းဈေး သိန်း၁၅၀၀ဖြင့်ရောင်းချရာ
လေလံပေးဝယ်ယူသူများကဈေးပြိုင်ပေး ဝယ်ယူကြရာ သိန်း ၂၁၀၀ ထိရရှိခဲ့၍ယခင် နှစ်ကထက်
သိန်း ၆၀၀ တိုးတက်ရောင်းချ နိုင်ခဲ့ ကြောင်း အဆိုပါဘဏ္ဍာနှစ်တွင်မြို့နယ် စည်ပင်မှခန်
့မှန်းဝင်ငွေ သိန်း ၅၈၀၀ရရှိရန် မျှော်မှန်းထား၍လေလံရငွေမှသိန်း ၃၈၀၀ ရရှိရန်လျာထားရာယခုလေလံရောင်းချမှု
့မှ သိန်း ၂၁၀၀ ရရှိနေပြီး ကျန်ရှိလေလံ( ၁၀)ခု ကိုဖေဖော်ဝါရီ ၂ ရက်နေ့ တွင်ဆက်လက် ဈေးပြိုင်ရောင်းချရန်စီစဉ်ထားရှိ၍ခန်
့မှန်း လျာထားချက်များပြည့်မှီရေးအလေးထား ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိ
ိသည်။
ဦးဝင်းဌေး(ချောက်)
0 comments:
Post a Comment