မြန်မာတစ်မျိုးသားလုံး၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည်.ပွဲတော်ကြီး
သည် နီးကပ်လာသည်နှင့်အပြိုင် ပွဲတော်ကျင်းပရေးကော်မတီသည် ဖြေဖျော်တင်ဆက်ပါဝင်
ဆင်နွှဲကြမည်. အနုပညာရှင်များနှင့်ဆက်သွယ်မူအားကောင်းလာကြောင်းသိရသည်။

၂၀၁၅ ဖေဖေါ်ဝါရီ (၁၁)ရက်ညမှာ နိုင်ငံကျော်အနုပညာရှင်များဖြစ်တဲ့ ကိုဒိန်းဒေါင် ကိုခင်လှိုင် တို.
ဦးစီးတဲ့မြန်မာနိုင်ငံ လူရွှင်တော်အသင်း(ရန်ကုန်)ကလည်း နတ်မောက် ဗိုလ်ချုပ်ရာပြည်.ပွဲတော်
ကို ဂုဏ်ယူစွာနဲ. ပါဝင်ဆင်နွှဲမှာဖြစ်ပါတယ်။ ဖိုက်စတား အဖွဲ. ဒီစတား အဖွဲ. ဟားငါး
ကောင်အဖွဲ. ဟားဘုရင်အဖွဲ. အလင်္ကာဟား အဖွဲ. စီဂျေ အဖွဲ.တို.လည်းပါဝင်ဆင်နွှဲမှာပါ ဟု
ဖြေဖျော်ရေးတာဝန်ခံ နတ်မောက်သားဇာတ်မင်းသားလေး တက္ကသိုလ် မင်းခန်.ကို( ကြယ်စင်
ဆန်းခေတ်သဘင်)ကပြောသည်။ ပြည်ထောင်စုနေ.တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမူ ၁၅ ဖွဲ.
မှလည်းဗိုလ်ချုပ် ရာပြည်.ပွဲတော်လာဧည်.ပရိသတ်များကို တင်ဆက်ကပြမည်ဟုလည်းသိရသည်
ဗိုလ်ချုပ် ရာပြည်.အခမ်းအနားအားဖေဖေါ်ဝါရီ(၇)ရက်နေ.မှ စတင်၍ ပြိုင်ပွဲများ ကပွဲများ
ကဗျာ ရွတ်ဆိုပွဲ စာတန်းဖတ်ပွဲ စာပေဟောပြောပွဲ ရုပ်သေး ခြင်းလုံး အငြိမ်. နိုင်ငံကျော်
ဇာတ်မင်းသားများ ရုပ်ရှင် ဂီတ အနုပညာရှင်များစွာပါဝင်ဆင်နွှဲကြမည် ဖြစ်ကြောင်း သိရှိရ
သည်။ သီတဂူဆရာတော်အရှင်ဦးဥာဏိသရ တရားပွဲ ရွှေပါရမီတောရဆရာတော် ရှင်ဆန္ဒာ
ဓိကတရားပွဲ ဓမ္မဘေရီဆရာတော်အရှင်ဝီရိယ(တောင်စွန်း) တရားပွဲများအပြင် ကိုမင်းကိုနိုင်ရဲ.
ပြဇာတ်ကိုလည်းတင်ဆက်ဧည်.ခံသွားမှာပါ ဟု ကော်မတီဝင်တစ်ဦးကပြောသည်။

နေဦးမောင်(ပခုက္ကူ)
0 comments:
Post a Comment