Tuesday, January 27, 2015

မန်းရွှေစက်တော်ဘုရားကြီးတွင် ဘုရားဖူးပြည်သူများ ဈေးနှုန်းသက်သာ၍ စိတ်ချမ်းမြေ့စေရန် ယခုနှစ်မှစတင်ကာ ကော်မတီ(၅)ရပ်ဖြင့် စီမံဆောင်ရွက်



            
မကွေး    ဇန်နဝါရီ  ၂၂
         
                   မကွေးတိုင်းဒေသကြီး  မင်းဘူး-စကုမြို့နယ် မန်းရွှေစက်တော်ဘုရားကြီးသို့ လာရောက် ဖူးမျှော်ကြသော ဘုရားဖူး
ပြည်သူများ တည်းခိုးဆောင်များဈေးနှုန်းသက်သာပြီး စိတ်အနှေက်အယှက်ကင်းဝေးနိုင်ရန် ယခုနှစ်တွင် ကော်မတီ(၅)ရပ်ဖြင့် စနစ်တကျစီမံ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


                   မန်းရွှေစက်တော်ဘုရားပွဲတော်ကြီး ကျင်းပပြုလုပ်ချိန်တွင် ယခင်နှစ်များက ဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပက  
အဖွဲ့မှ ဦးစီးဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်က စတင်၍ ဘုရားဖူးလာ မိဘပြည်သူများ လုံခြုံစိတ်ချ အေးချမ်းစွာ ဘုရားဖူးနိုင်ရန် မင်းဘူး
ခရိုင်စီမံကိန်း၊ မြို့နယ်စီမံကိန်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု၊မြို့နယ်စည်ပင်သာယာကော်မတီ၊ရွှေစက်တော်ဘုရားဂေါပက
အဖွဲ့စသည့်ကော်မတီ(၅)ဖွဲ့နှင့်ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ အကုန်ကျသက်သာ၍
စိတ်အနှောက်ယှက်ကင်းဝေးစေရန် မန်းရွှေစက်တော်ဘုရားသွားရာ(၃)မိုင်လမ်းခွဲအား ဘုရားကြီးဘဏ္ဍာငွေသိန်းပေါင်း(၇၀၀၀)ကျော်ဖြင့်
နှစ်လမ်းသွားလမ်းမကြီး အဖြစ်ဖောက်လုပ်ထားပြီး လှေတင်တံတားကိုလည်း အသွားအပြန်နှစ်စင်းအဖြစ် ဘုရားဘူးလာပြည်သူများ လူဒါန်း
သောဘုရားကြီးဘဏ္ဍာငွေသိန်း(၁၈၀)ခန့်အကုန်ကျခံဆောက်လုပ်ခဲ့သောကြောင့်ယခုနှစ်တွင် ယာဉ်ကြောပိတ်ဆို့မှု့များ မဖြစ်နိုင်တော့ဘဲ
(၃)မိုင်လမ်းနှင့်လှေတင်တံတားဖြတ်သန်းခများအား ကောက်ခံတော့မည် မဟုတ်ကြောင်းမန်းရွှေစက်တော်ဂေါပကဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ် ချုပ်ရေးမူး ဦးခင်မောင်မြင့်က သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်ပြောပြခဲ့ပြီး ကားရပ်နားကွင်းကိုလည်း ဘုရားကြီးရှိလေယာဉ်ကွင်း၌ အသစ်
ပြုလုပ်ထားသည်ဖြစ်ရာ ဘုရားဖူးပြည်သူများ စိတ်ချမ်းသာစွာ လာရောက်နိုင်ပြီး ထိုနည်းတူ ဌာနဆိုင်ရာများမှဘုရားဖူးလာရောက်လျင် စိတ် အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန် တည်းခိုဆောင်များ နေရာချထားပေးပြီဖြစ်ကြောင်းပြောပြခဲ့သည်။ 

             မန်းရွှေစက်တော်ဘုရားသို့သွားရာ(၅)မိုင်လမ်းခွဲဖြတ်သန်းခနှုန်းထားများ ပြီးခဲ့တဲ့နှစ်က အဆမတန် မြင့်မားခဲ့၍ ဒေသခံ့များ  
နှင့်ဘုရားဖူးလားပြည်သူများက ဝေဖန်ပြောဆိုမှု့များရှိခဲ့သော်လည်း ယခုနှစ်တွင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှဈေးနှုန်းများ ပွင့်လင်း
မြင်သာစွာဖြင့် ယာဉ်ကြီး(၅၀၀)ကျပ်၊ ယာဉ်လတ်(၂၀၀)ကျပ်၊ယာဉ်သေး(၁၀၀)နှင့်ဆိုင်ကယ်ဖြတ်သန်းခ လုံးဝမကောက်ခံတော့၍ အစစ အ
ရာရာ စတင်ပြောင်းလဲသောနှစ်အဖြစ် မိဘပြည်သူများစိတ်ချမ်းသားစွာဖြင့် လာရောက်ဖူးနိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ထပ်မံ ပြော ပြခဲ့သည်။ 

            ယခုနှစ်မန်းရွှေစက်တော် ဘုရားကြီးဂေါပကအဖွဲ့ အပြောင်းအလဲနှင့် ညိုနိုင်းဆွေးနွေးမှု့ များပြုလုပ်နေရသောကြောင့် လုပ်  
ငန်းဆောင်ရွက်မှု့များအနည်းငယ်နောက်ကြသော်လည်း ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများ ၏ အမြန်ဆုံးဆောင်ရွက်မှု့များကြောင့် ဘုရားဖူး
များအဆင်ပြေနိုင်ရန်ပုဂ္ဂလိက တည်းကျောင်းမျုား၊စားသောက်ဆိုင်ခန်များ၊ အမှတ်တရ့လက်ဆောင် ပစ္စည်းအရောင်းဆိုင်များအား လျောက်
လွာများအခမဲ့ဖြင့် စနစ်တကျ ဆောင်ရွက်ပေးထားပြီး ဘုရားကြီးလုပ်ငန်းများ ၈၅ရာခိုင်နှုန်းကျော် ပြီးစီးဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ဂေါပက အဖွဲ့မှတာဝန်ရှိသူတဦးက ပြောပြခဲ့သည်။

           သမိုင်းဝင် မန်းရွှေစက်တော်ဘုရားကြီး ခြေတော်ရာမြတ် ဖွင့်ပွဲကို ဇန်နဝါရီ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်တော့လည်း
ဖွင့်ပွဲမတိုင်ခင်ကပင် လာရောက်ဖူးမြော်သူမျုားဖြင့် စတင်စည်းကားနေပြီ ဖြစ်ကြောင်းသိရသည်။

  ပိုင်ဇေ(မကွေး)

0 comments:

Post a Comment