ဝက်သက်ရောဂါသည်ဝက်သက်ဗိုင်းရပ်
ပိုးကြောင့်ဖြစ်ပြီးအလွန်ကူးစက်မြန်သည့်
ရောဂါဖြစ်သည်။အပြင်းဖျားခြင်း နှာရည်ယို
ခြင်းချောင်းဆိုးခြင်းမျက်လုံးနီလျှက်မျက်ဝတ်
ထွက်ခြင်းနှင့်ခန္ဓာကိုယ်အနှံ့အနီရောင်အပိန့်
များထွက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွါး
တတ်သည်။ပြင်းထန်သောနောက်ဆက်တွဲ
ရောဂါများဖြစ်သည့်မျက်စိကွယ်ခြင်း
ဦးနှောက်ရောင်ရမ်းခြင်းဝမ်းလျှောပြီးပြင်းထန်
စွာ အရည်ခန်းခြောက်ခြင်း(နမိုးနီးယား)များ
ကို ဖြစ်စေတက်သောရောဂါတစ်မျိုးဖြစ်သည်
။
ဂျိုက်သိုးရောဂါသည်ဂျိုက်သိုရောဂါ
ဗိုင်းရပ်ပိုးဖြစ်ပြီးအသက်ရှူလမ်းကြောင်းမှ
တဆင့်ကူးစက်ပျံ့နှံ့ သည်။သာမန်ဖျားခြင်း
အနီရောင်အပိန့်များထွက်ခြင်းမျက်လုံးနီခြင်း
ချောင်းဆိုးခြင်းလက္ခဏာများဖြစ်လေ့ရှိသည်
ဂျိုက်သိုးရောဂါကာကွယ်ဆေး မထိုးဘူး
သောမည်သူမဆိုရောဂါကူးစက်ခံရနိုင်သည်
မိန်းကလေးများကိုယ်ဝန်ဆောင်ချိန်တွင်
ဂျိုက်သိုးရောဂါကူးစက်ခံရပါက ကိုယ်ဝန်
ပျက်ခြင်းကလေးသေဆုံးခြင်းနှင့် သန္ဓေသား
တွင်မွေးရာပါဂျိုက်သိုးရောဂါလက္ခဏာစုများ
ဖြစ်ပွါးတတ်သည် ။
မွေးရာပါဂျိုက်သိုးရောဂါလက္ခဏာစု
မှာ နားမကြားခြင်းဆွံ့အခြင်းမျက်စိမမြင်ခြင်း
ဦးခေါင်းသေးခြင်းဥာဏ်ရည်မမှီခြင်းဖွံ့ဖြိုးမှု့
နှေးကွေးခြင်းဦးနှောက်နှင့်ဦးနှောက်အမြှေး
ရောင်ခြင်း မွေးရာပါ နှလုံးရောဂါ အသည်း
နှင့်ဘေလုံးကြီးခြင်းတို့ပါဝင်သည် ။
နိုင်ငံတစ်ဝန်းဝက်သက်ရောဂါနှင့်
ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်
ထိုးနှံခြင်းလုပ်ငန်းတွင် ဝက်သက်နှင့်ဂျိုက်
သိုးရောဂါကာကွယ်ဆေး နှစ်မျိုးစပ် ဆေး
တစ်ချောင်းတည်းထိုး ခြင်းဖြင့်ကလေးများ
ကိုဝက်သက်ရောဂါနှင့်ဂျိုက်သိုး ရောဂါနှစ်မျိုး
စလုံးမှ ကာကွယ်မည်ဖြစ်ပါသည်။
ယခင်ကဝက်သက်ရောဂါ(သို့)ဂျိုက် သိုး
ရောဂါ ကာကွယ်ဆေးထိုးဘူးသည် ဖြစ်စေ
မထိုးဘူးသည်ဖြစ်စေအသက်(၉) လမှ(၁၅)
နှစ်အတွင်းကလေးအားလုံးကိုကာကွယ်
ဆေးထိုးရန် လိုအပ် သည် ။
ထို့ကြောင့် နိုင်ငံတစ်ဝန်း
ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေး
အစုလိုက်ထိုးနှံခြင်းလုပ်ငန်းများကိုကျန်းမာ
ရေးဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း ဆက်လက်
ဆောင်ရွက်ပေးလျှက်ရှိရာ(၂၆/၁/၂၀၁၅) ရက်နေ့တွင်မကွေးတိုင်းဒေသကြီးမြို့သစ်မြို့ မြို့မမူလတန်းလွန်ကျောင်းရှိ(၁၅)နှစ်အတွင်းကျောင်သူကျောင်းသားများအားဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည် ။
သန်းဝင်းထွန်း(မြို့သစ်မြို့)
0 comments:
Post a Comment