မင်းဘူး ဇန်န၀ါရီ ၃၀
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်
မင်းဘူး(စကု)မြို့နယ် ချောင်းကောက်ကျေးရွာ တွင် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊တိုင်းဒေသ
ကြီး ကျန်းမာရေးဦးစီးဌာနနှင့်အလှူရှင်များ ပူးပေါင်း၍ နယ်လှည့်အခမဲ့ဆေးကုသခြင်းကို
ယနေ့ နံနက် ၁၁ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး
ဦးအောင်နိုင်၊တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မင်းဘူးခရှိုင်နှင့်မြို့နယ်မှ
တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် မင်းဘူး(စကု)မြို့နယ်
ချောင်းကောက် ကျေးရွာ အောင်သိဒ္ဓိဓမ္မာရုံတွင်
တိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာ နနှင့်
အလှူရှင်များ ပူးပေါင်း၍ အခမဲ့ဆေးကုသပေးရာတွင် ဆေးကုသမှုခံယူရန် ရောက်ရှိနေသော ကျေးရွာ
သူ ကျေးရွာသားများ လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဆေးကုသပေးသော ဆရာဝန်
ဆရာမများအား အာပေးဂုဏ်ပြုစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ချောင်းကောက်ကျေးရွာ မူကြိုကျောင်းသို့သွာရောက်ပြီး မူကြိုကျောင်းတွင်တက်ရောက်လျက်ရှိသော ကလေးငယ်များအားတွေ့ဆုံ၍
အာဟာရမုန့်များ၊ကစားစရာ အရုပ်များကို လက်ဆောင်ပေးအပ်ခဲ့ပြီး မူကြိုကျောင်းမှ ဆရာမများအား
ကလေးငယ်များ၏ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ရေး၊ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ဂရုတစ်စိုက်ဆောင်ရွက်ရေးတို့ကိုမှာကြား
ကာ ဆရာ/ဆရာမများနှင့်ကလေးငယ်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်
တိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊တိုင်းဒေ သကြီး ကျန်းမာရေးဦးစီးဌာနနှင့် အလှူရှင်များပူးပေါင်း၍
မင်းဘူး(စကု)မြို့နယ် အတွင်းကျေးရွာများသို့ (၃၀.၁.၂၀၁၅)မှ(၈.၂.၂၀၁၅)ရက်နေ့အထိ ရောဂါဝေဒနာရှင်များအား
အခမဲ့ ဆေးကုသပေးမည်ဖြစ် ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment