Tuesday, January 20, 2015

လယ်မြေဧက ၁၅၀၀ ကျော်အကျိုးပြုမည့်စက်စက်ယိုရေလွဲဆည်တည်ဆောက်

တောင်တွင်းကြီး ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီး မြို့နယ်ဥသျှစ်ကုန်းကျေးရွာအနီး စက်စက်ယိုချောင်းပေါ်ရှိ စက်စက်ယိုရေလွဲဆည်အားမြို့နယ်ဆည်မြောင်းဦးစီးဌာနမှစက်ယန္တယားကြီးများဖြင့်ဆောင်ရွက် လျှက်ရှိရာတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဦးကြည်သိန်းမြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်မြို့နယ်ဆည်မြောင်းဦးစီးအရာရှိ ဦးသိန်းအောင်တိုမှဇန်နဝါရီလ ၁၉ ရက်ညနေပိုင်းက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှူစစ်ဆေးကာ ဒေသခံတောင်သူများ ၏လိုအပ်ချက်များကိုကူညီဖြည့်ဆည်းပေးခဲ့သည်။
အဆိုပါရေလွဲဆည်ကြီးတည်ဆောက်ပြီးစီးပါက ကျေးရွာ ၁၅ ရွာတိုမှတောင်သူများ၏ လယ်ဧက ၁၅၀၀ ကျော်ရှိ စပါးများအောင်မြင်ဖြစ်ထွန်းမည်ဖြစ်ပြီး ပြည်သူများမွေးမြူထားသည့် ကျွဲနွားတိရစ္ဆာန်များသောက်သုံးရေဖူလုံစွာရရှိတောမည်ဖြစ်ကြောင်းနှင့်ဒေသစိမ်းလန်းစိုပြေရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းသိရသည်။
နိုင်ဝင်း

0 comments:

Post a Comment