မကွေး ဇန်န၀ါရီ ၆
မကွေးတက္ကသိုလ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အထူးပြုဘာသာရပ်အလိုက်
အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက
မကွေးတက္ကသိုလ် ဘော့လုံးအားကစားကွင်း တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မကွေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်
ဒေါက်တာသက်လွင်၊မကွေးတက္ကသိုလ်မှ ဆရာကြီး/ဆရာမကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြေးခုန်ပစ်အားကစားမောင်/မယ်များနှင့်
ကျောင်း သား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မကွေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်
ဆရာကြီးဒေါက်တာ သက်လွင်မှအမှာ စကားပြောကြားရာတွင် ယခုလို ပြေးခုန်ပစ်ပြိုင်ပွဲများကျင်းပရခြင်းမှာ
ကျောင်းသား/သူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊အဖွဲ့လိုက်စည်းလုံးညီညွတ်မှုနှင့်အတူပူးပေါင်း
ဆောင်ရွက်တတ်စေရန် တစ်ဦး တစ်ယောက်ကောင်း မှတဆင့်ခေါင်းဆောင်ကောင်းများပေါ်ထွက်လာစေရန်၊တက္ကသိုလ်အဆင့်မှဇုန်အဆင့် နိုင်ငံကိုယ်စားပြုအဆင့်ထိထူးချွန်သောကျောင်းသားကျောင်းသူများပေါ်ထွက်လာစေရန်
ရည်ရွယ်ပါကြောင်း ပညာရေးဝန်ကြီးဌာနမှလည်း တက္ကသိုလ် ဒီဂရီကောလိပ်တွေမှာ မိုးလုံလေလုံ
အားကစားရုံများ အဆင့်မြင့် အားကစားရုံများတည်ဆောက်ပေးလျက်ရှိပါကြောင်း၊ပြေးခုန်ပစ်ပြိုင်ပွဲများတွင်
မကွေးတက္ကသိုလ်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲအဆင့်အထိ အောင်မြင်မှုရရှိ တက်လှမ်းနိုင်ပါကြောင်း၊တက္ကသိုလ်ကျောင်းသားကျောင်းသူများပီပီ
စည်းကမ်းအဆင့်အတန်းရှိစွာကစား ကြရန် ဒါမှသာဘာသာရပ်အသင်းရဲ့ဂုဏ်၊မကွေးတက္ကသိုလ်ရဲ့ဂုဏ်ဆောင်နိုင်တဲ့အရည်အသွေးမြင့်အားက
စားသမားများ ပေါ်ထွက်လာမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ပြေးခုန်ပစ်ပြိုင်ပွဲကြီးကို
ဖွင့်လှစ်ပေးခဲ့သည်။
မကွေးတက္ကသိုလ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကြီးတွင်
ပြေးခုန်ပစ်အားကစား မီတာ၁၀၀၊မီတာ ၂၀၀၊မီတာ၄၀၀၊မီတာ၈၀၀နှင့်မီတာ၁၅၀၀ ပြေးပွဲပြိုင်ပွဲများ၊
သံလုံးပစ်၊သံပြားပစ် ၊လှံတံပစ်ပြိုင်ပွဲများ၊ အလျားခုန်၊အမြင့်ခုန်ပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး
ဇန်န၀ါရီ ၇ ရက်နေ့တွင် ဆုပေးပွဲအခမ်း အနားကျင်းပသွားမည်ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment