၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နေ့လည် (၁း ၄၅) အချိန်တွင်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာနေ
ဒေါ်လှမြိုင်(၇ဝ) နှစ်သည် ယခင်က ၄င်း၏ခင်ပွန်းဖြစ်သူ တစ်ရွာ တည်းနေ
ဦးသောင်းညွန့် (၇၄) နှစ် ထံသို့သွားကာ ၄င်းတို့လင်မယား(၂)ဦးပိုင်
မြေများခွဲဝေ ပေးရန် ၊ တောင်းဆိုခဲ့သည်။
ဦးသောင်းညွန့်မှ ခွဲဝေမပေးနိုင်ကြောင်းပြော၍ ရုတ်တရက်ဒေါသထွက်ပြီး
ဒေါ်လှမြိုင်မှ အရိုးအသွား ၁ တောင်ခန့်၊ ဗျက်(၃)လက်မခန့်၊
ဝါးရိုးတပ်ထင်းခုတ်ဓါးမဖြင့်ခုတ်ခဲ့ရာ ဦးသောင်းညွန့်တွင် ယာပါး/
ဦးခေါင်းနောက်စေ့နှင့် ယာဂျိုစောင်းအောက်တို့တွင်
ဖူးရောင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ဦးသောင်းညွန့်၏ ဒုတိယ ဇနီးဖြစ်သူ
တစ်ရွာတည်းနေ ဒေါ်ခင်မှီ(၅၅)နှစ်မှ တရားလိုပြုလုပ် တိုင်တန်း သဖြင့်
ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း(ပ)၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
၃၂၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
မကွေးသတင်းစုံ
0 comments:
Post a Comment