Saturday, January 3, 2015

ပခုက္ကူနယ် ကမ္မ ကျေးလက်ပြည်သူများအား အခမဲ့ ဆေးဝါးကုသ သမီးအိမ့်

ပခုက္ကူမြို့နှင့် (၁၈)မိုင်ခန့်ကွာဝေးသော ကမ္မစံပြရွာကြီးတွင် ဒီဇင်ဘာ(၂၇) (၂၈)
ရက်နေ့များတွင် တွဲလက်များကျန်းမာရေးကူညီမှုအဖွဲ့၏ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်
ကမ္မနယ်ကျေးလက်ပြည်သူ (၁၀ဝ၀)နီးပါးအား အခမဲ့ စမ်းသပ်စစ်ဆေးကုသမှုပြုခဲ့ကြောင်း
သိရှိရသည်။ ကုသိုလ်ဖြစ် အခမဲ့ ဆေးကုသရာ ကမ္မရေလယ်ကျောင်းတိုက်သို့ ဒေါက်တာ
ကြည်မင်း၊ ဒေါက်တာတင်နိုင်ထွန်း၊ ဒေါက်တာကိုကိုလွင်၊ ဒေါက်တာခန့်ကိုကို၊ ဒေါက်တာ
အောင်ဇော်လင်း၊ ကမ္မသွားဆရာဝန် ဒေါက်တာခိုင်သူဇာ၊ ဒေါက်တာကံဝင်း(အရိုးအကြော)၊
ဒေါက်တာဌေးလှိုင်၊ ဗိုလ်ကြီး ဒေါက်တာသန့်ဇင်(တပ်မ-၁၀၁)၊ ဗိုလ်ကြီး ဒေါက်တာဇော်ကို
လတ်(တပ်မ-၁၀၁)၊ ဗိုလ်ကြီး ဒေါက်တာစန်းလင်းအောင်(ကလေး)၊ ဒေါက်တာသူရကိုကို
(ပခုက္ကူ)၊ ဒေါက်တာဇင်မာစိုး(ရန်ကုန်)၊ ဒေါက်တာကျော်ဇေယျ(မကွေး)၊ ဒေါက်တာဝင့်ဝါကို
(ရန်ကုန်)၊ ဒေါက်တာကေဇင်ဝင်း(မန်း)၊ ဒေါက်တာစုဝေထွန်း(ရန်ကုန်)၊ တို့ ကျေးလက်ပြည်
သူများအား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆေးကုသမှုအား ဒေါက်တာ
သက်လွင်(အမျိုးသားစာပေဆုရ)၊ ဒေါက်တာလှိုင်မိုး(ချမ်းမြေ့ဆေးရုံအုပ်ကြီး)၊ ဦးရဲထွဋ်(ပခုက္ကူ
မြို့နယ်ဖွံ့ထောက်ဥက္ကဌ)တို့နှင့် တာဝန်ရှိသူများ အားပေးကူညီခဲ့ကြောင်း သိရှိရသည်။
တွဲလက်များကျန်းမာရေးကူညီမှုအဖွဲ့သည် ကျန်းမာရေးချို့တဲ့သူများကို တတ်စွမ်းသမျှကူညီရန်
ငွေကြေးကြောင့် အသက်မဆုံးရှုံးစေရန်၊ ကျန်းမာရေးအသိပညာများ တိုးပွားလာစေရန်၊ ဆင်းရဲ
ချို့တဲ့သော လူနာများ အရေးပေါ်ကုသရန် လိုအပ်လျှင် ရောဂါသက်သာသည်အထိ ကုသပေး
ရန်၊ ရောဂါအမျိုးမျိုးကြောင့် စိတ်သောကရောက်နေသော ဝေဒနာရှင် လူနာများကို စိတ်ဓာတ်
ခွန်အားများ တိုးတက်စေသောငှာ ဖေးမကူညီအားပေးရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရသည်။ ကျွန်တော်တို့အခမဲ့ဆေးကုသတာကို သက်ဆိုင်ရာက လာတားပါ
တယ် ကျွန်တော်တို့ တွဲလက်များ ကျန်းမာရေးကူညီမှုအဖွဲ့ဟာ တရားဝင်မှတ်ပုံတင် မရှိသေး
တာလို့သိရပါတယ် ဒါပေမယ့် ကျွန်တော်တို့နယ်ကျေးလက်ပြည်သူများ ကျန်းမာရေးအတွက်
အဆင်ပြေအောင် လုပ်ဆောင်နိုင်ခဲ့လို့ အခမဲ့ဆေးကုသခွင့်ရခဲ့ပါတယ် ပခုက္ကူမြို့ သုဂတိစေတနာလူမှုကူညီရေးအဖွဲ့ကလည်း အားပေးကူညီပါတယ် ကျွန်တော်တို့အဖွဲ့ကို လှူဒါန်း
ကုသိုလ်ပြုမယ်ဆိုရင် ဝ၆၂ ၆၀၂၅၃၊ ဝ၉ ၂၅၉၁၆၃၈၈၂၊ သို့ဆက်သွယ်လှူဒါန်းနိုင်ပါ တယ်
ဟု အသင်းသားတစ်ဦးက ပြောသည်။

သမီးအိမ့်

0 comments:

Post a Comment