Tuesday, January 27, 2015

တရားမ၀င်သစ်များဖမ်းဆီးရမိ




ငဖဲ      ဇန်န၀ါရီ         ၂၃
          ငဖဲမြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးဦးမင်းအောင်ကျော်ဦးပါ (၅)ဦးအဖွဲ့သည် ဇန်န၀ါရီလ (၂၂)ရက်နေ့၃နာရီ၅၀အချိန်တွင် ငဖဲမြို့နယ် (တောင်ပေါ်ဒေသ) ဘိနယ်၊မန်းကျိုးဝိုင်းကွက်အမှတ် (၃၄)အတွင်း ငဖဲမြို့မှအနောက်တောင်ဘက် (၃၄)မိုင်ခန့်အကွာ ပဘဲကျေးရွာအုပ်စု တုန်းကြီးကျေးရွာအနီးတွင် တရားမ၀င်အခြား ရေတမာခွဲသား(၁၀)ချောင်း (၁.၇၅၆၆)တန်နှင့်အခြား ကံ့ကော်ခွဲသား(၃၇)ချောင်း (၄.၂၃၃၄)တန်ပေါင်း (၅.၉၉၁၀)တန်၊ အဆိုပါနေရာနှင့်ကပ်လျက် တရားမ၀င်အခြား (စကားဝါ)ခွဲသား(၁၀)ချောင်း (၁.၃၂၉၄)တန် စုစုပေါင်း(၇.၃၂၀၄)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသဖြင့်ပိုင်ရှင်အား ဥပဒေနှင့်အညီ အရေူးယဆောင်ရွက်နိုင်ရေး စုံစမ်းလျက်ရှိပါ ကြောင်းနှင့် သစ်ခွဲသားများအား ဇင်ပွန်းအုပ်စု၊ ဂုတ်ဝ၊(တောင်ပေါ်ဘိနယ်)စခန်းသို့ရွှေ့ပြောင်းပြီး သစ်တောဥပဒေနှင့်အညီ  အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment