Monday, January 26, 2015

ပခုက္ကူဒေသတောင်သူဦးကြီးများအားဆောင်းရာသီသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေပြီးစီးအောင်မြင် .........နေဦးမောင်(ပခုက္ကူ)


လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ.ဖြိုးရေးဘဏ် ပခုက္ကူမြို.
နယ်ဘဏ်ခွဲ မှ မြို.နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၄ အုပ်စုအစုအဖွဲ. ၁၉၈ ဖွဲ. အဖွဲ.ဝင်ဦး
ရေ ၁၄၉၄ ဦးတို.အားကျပ်သိန်းပေါင်း ၁၄၃၇ သိန်းဒီဇင်ဘာ ၂၉ ရက်နေ. ကထုတ်ချေးပြီး
ဇန်နဝါရီ ၂၁ ရက်နေ.ကပြီးစီးအောင်မြင်ခဲ့ကြောင်းသိရသည်။ စပါး ၃၂၂ ဧက မြေပဲ
၃၂၅၃ဧက နှမ်း၄၄၉ ဧက ပဲလွန်း၁၄၇၇ ဧကကုလားပဲဖြူလုံးကြီး ၂၈၄ ဧက ဘိုကိတ်ပဲ
၁၁၂ဧက အတွက်ထုတ်ချေးခဲ့တာပါ စပါးတစ်ဧကကျပ် ၁ သိန်း အခြားသီးနှံက ၂သောင်း
ဖြစ်ပါတယ် ဟုတာဝန်ရှိသူတစ်ဦးကပြောသည်။
.......................................................................................................................................
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ လူငယ်ပျိုးထောင်ရေးသင်တန်း
ဖွင့်လှစ်မည် ...........နေဦးမောင်(ပခုက္ကူ) ...........
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ရေစကြိုမြို.နယ်ကော်မတီ မှ ဖေဖေါ်ဝါရီ ၁၉
ရက်နေ.တွင် လူငယ်ပြုစုပျိုးထောင်ရေး ရက်တိုသင်တန်း ၃ ရက်ဖွင့်လှစ်မည် ဖြစ်ကြောင်း
သိရှိရသည်။ လူငယ်တွေအတွေးအခေါ် မှန်ကန် မြင့်မား တိုးတက်ရေး အတွက်သင်တန်းဖွင့်
တာပါ ပါတီစည်းရုံးရေး သက်သက်မဟုတ်ပါဘူး လူငယ်တွေကို ပြုစုပျိုးထောင်ပေးချင်တဲ့
စေတနာနဲ.ဖွင့်တဲ့သင်တန်းပါ ဟု ရေစကြိုမြို.နယ် ကော်မတီ အတွင်းရေးမှုး ဦးအောင်လင်း
ကပြောသည်။
-------------------------------------------------------------
ပခုက္ကူမြို. အ.မ.က ၂ ကျောင်းတော်ကြီး နှစ် ၁၁၀ ဂုဏ်ပြုအခမ်းအနားစည်ကား
သိုက်မြိုက်စွာကျင်းပ ..........နေဦးမောင်(ပခုက္ကူ)..............
ပခုက္ကူအညာဒေသ၏ပညာရေးတွင်သမိုင်းကြောင်းလှပထည်ဝါစွာပါဝင်ခဲ့သော အမှတ် (၂)ရပ်
ကွက် အ.မ.က ၂ ကျောင်းတော်ကြီးသည် ဇန်နဝါရီ လ ၂၅ ရက် နေ.တွင် နှစ် ၁၁၀
ပြည်.မြောက်၍ ကျောင်းတော်သူ ကျောင်းတော်သားများ ရပ်ကွက် သူရပ်ကွက်သားများမြို.မိ
မြို.ဖများ ပညာရေး မိသားစုများ စုံညီစွာတက်ရောက်၍ ဂုဏ်ပြုအခမ်းအနားသဘင် စည်ကား
သိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ၁၉၀၄ ခုနှစ်ကတည်းက ဦးဘိုးကာ ကျောင်း
အုပ်အဖြစ်နဲ.ပညာရေးကိုစတင်ခဲ့တာပါယနေ.ကာလအထိ ကျောင်းအုပ်ဆရာကြီး ၁၂ ဦးရှိပါ
တယ်အဲဒီနေ.မှာဘဲ ဆရာကြီး ၈ ဦး ဆရာမကြီး ၁၅ ဦးတို.ကိုလည်းပူဇော်ကန်တော့ပွဲပါ
ကျင်းပပြုလုပ်ခဲ့ပါတယ်ဟု ကျောင်းသားဟောင်းကြီးတစ်ဦးကပြောသည်။
.နေဦးမောင်(ပခုက္ကူ)

0 comments:

Post a Comment