Thursday, January 29, 2015

မြေလတ်ဒေသကျောင်းသားခေါင်းဆောင် ချစ်ဝင်းမောင်ကကျနော့်ကိုလာရောက်တွေ့ဆုံပြီး

နေပြည်တော်မှာဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့မြေလတ်ဒေသကျောင်းသားခေါင်းဆောင်
ချစ်ဝင်းမောင်ကကျနော့်ကိုလာရောက်တွေ့ဆုံပြီး
ပညာရေးမူဝါဒဆိုင်ရာကျောင်းသားလှူပ်ရှားမူတွေနဲ့ပတ်သက်ပြီးအကြံညဏ်လာတောင်းခံပါတယ်။
သပိတ်ကိုဆက်မှောက်နေသင့်မသင့်ဆိုတဲ့ကိစ္စပါ။
မင်းတို့၁၅ဦးကော်မတီထဲဘယ်လိုသဘောတူခဲ့သလဲမေးတဲ့အခါစစ်ကြောင်းများကိုခေတ္တရပ်နားထား
ကြမယ်ဆိုပါတယ်။ဝန်ကြီးတွေနဲ့ရောဘယ်လိုသဘောတူထားလဲဆိုတာမေးတော့စာရွက်ပေါ်

မှာတော့မဟုတ့်။နူတ်ကတိနဲ့သပိတ်တွေခေတ္တရပ်ထားဖို့သဘောတူထားတယ်ဆိုပါတယ်။ဒါဆိုရင်
ကိုယ့်၁၅ဦးကော်မတီထဲမှာရောအစိုးရနဲ့သဘောတူထားတယ်ဆိုတော့ Gentelemen Agreement အရ
စာရွက်ပေါ်မှာလက်မှတ်ထိုးမထားပေမယ့်လိုက်နာသင့်ကြောင်းကျနော်အကြံပြုခဲ့ပါတယ်။ဒါပေမယ့်

မန်းလေးကထွက်တဲ့ဗကသစစ်ကြောင်းကမရပ်ဘူးလို့အသံကြားနေရတယ်။မင်းတို့မြေလတ်ကလဲ
သီးသန့်စစ်ကြောင်းတစ်ကြောင်းမြေလတ်စစ်ကြောင်းအဖြစ်ပခုက္ကူကစထွက်မယ်
ဆိုတော့မြေလတ်ကခေတ္တရပ်နားမယ်ဆိုရင်မန်းလေးစစ်ကြောင်းနဲ့ကွဲပြားဖို့မြေလတ်ကြေငြာချက်
ထုတ်ပြန်သင့်ကြောင်းအကြံပြုခဲ့ပါတယ်။ဒါပေမယ့်အစိုးရဘက်ကမလိုက်လျောဘူးဆိုရင်သပိတ်
စစ်ကြောင်းကိုဆက်ချီတက်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောသင့်ပါတယ်။အားလုံးသဘောမှ
တူထားကြတယ်ဆိုရင်ကိုယ့်ဘက်ကလူကြီးလူကောင်းဆန်ဆန်ဆောင်ရွက်သင့်ကြောင်းကျနော်
ရိုးရိုးသားသားဘဲအကြံပြုခဲ့ပါတယ်
၂၉့၁့၂၀၁၅ မကွေး နေ့လည်၁၂နာရီ်

0 comments:

Post a Comment