မင်းလှ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ငနောင်မုန်း ရေနံမှော်တွင်
ဇန်နဝါရီ၁၈ရက် နံနက်၈နာရီ ၃၀အချိန်ကခပ်ဖူးသံပိုက်ခြင်း ပွတ်တိုက်ရာမှ ပူပြီး မီးလောင်မှု့
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ဖြစ်စဉ်မှာ ငနောင်မုန်း ရေနံမှော် ဦးဖိုးစန်း ပိုင်ဆိုင်သော
ယာထဲရှိ ရေနံလုပ်ငန်း တစ်ခုတွင် ရေနံခပ်လုပ်သား
မောင်ဇော် ရေနံခပ်သည့် လုပ်ငန်းကို လုပ်ကိုင်နေစဉ် ခပ်ဖူးသံပိုက်ခြင်း ပွတ်တိုက်ရာမှ
ပူလာပြီး မီးလောင်ကျွမ်းမှု့
ဖြစ်ပွားခဲ့သောကြောင့်
ရေနံမ နယ်မြေရဲစခန်းမှုး ရဲအုပ်ရွှေဝင်းမောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်(၈)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှုးဦးကျော်လင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး
ရေနံမ
ကျေးရွာအုပ်ချူပ်ရေးမှုး ဦးသာလိုင် ဦးစီးသော အရံမီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး
အပါဝင်
ပြည်သူ အင်အား(၁၀၀)ခန့်ဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ၈နာရီ၃၀ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း
ရဲမှတ်တမ်း အရသိရှိခဲ့ရသည်။
အဆိုပါ မီးလောင်မှု့ဖြစ်ပွားခဲ့ခြင်းကြောင့်
အနီးရှိ ရေနံစိမ်းပေပါ(၅)လုံး၊စက်ကလပ်ခုံ(၂)ခုံ၊ဟွန်ဒါ
စက်(၁)လုံး
၊ဒါရင်းဆိုင်ကယ်(၁)စီး၊ရွက်ဖျင်တဲ(၃)လုံး စုစုပေါင်း ကာလတန်ဘိုး (၁၂၂၄၀၀၀) ကျပ်ငွေ
ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိခဲ့သည်။
၎င်းဖြစ်စဉ်အတွက်
မီးလောင်းမူ့ဖြစ်ပွားစေခဲ့သူ ကန်တုတ်ကျေးရွာနေ ရေနံခပ်လုပ်သား မောင်ဇော်အား
ဥပဒေအရ အရေးယူပေးပါရန် မြို့နယ်မီးသတ်ဦးစီးမှုး ဦးကျော်လင်းမှ တရားလိုပြုတိုင်တန်းခဲ့ရာ
ရေနံမနယ်မြေရဲစခန်းမှ
ပ-၁၀/၂၀၁၅ဥပဒေပုဒ်မ၂၈၅၊ပ၁၁/၂၀၁၅ နိုင်ငံတော်စီးပွားရေးအက်ဥပဒေပုဒ်မ၉ဖြင့်အမူ့ဖွင့်ထားလျက်ရှိပြီး
အမှု့စစ်အရာရှိဒုရဲအုပ်
မျိုးမင်းထွန်းမှစ်ဆေးဆောင်ရွက်မှု့များပြုလုပ်လျက်ရှိ ကြောင်းသိရသည်။
မင်းထီး(ရေနံမ)
ဖုန်း-၀၉၉၇၈၇၄၄၆၆၀
0 comments:
Post a Comment