Sunday, January 4, 2015

ဗိုလ်ချုပ်အား ကြည်ညိုလေးစားတန်ဖိုးထားသူအဖွဲ့မှ စုပေါင်းအဟာရဒါနကုသိုလ်ပြုပွဲ တောင်တွင်းကြီးတွင်ကျင်းပပြုလုပ်

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏
နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် တောင်တွင်းကြီးမြို့မှ
ဗိုလ်ချုပ်အား ကြည်ညိုလေးစားတန်ဖိုးထားသူများ
အဖွဲ့မှ ကြီးမှူး၍
အဟာရဒါနကုသိုလ်ပြုပွဲအား ၄-၁-၂၀၁၅ ရက်နေ့ ညနေ ၃း၀၀ အချိန်တွင်
တောင်တွင်းကြီးမြို့
နေရာအများအပြားတွင် အဟာရဒါနအဖြစ် နို့ဆန်ပြုတ်/နို့ထမင်း စသည်တို့ကို
ရပ်ကွက်ဒေသအလိုက် ကုသိုလ်ဖြစ် ကျွေးမွေးဧည့်ခံကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ အဟာရဒါနကျွေးမွေးဧည့်ခံခြင်းများကို တောင်တွင်းကြီးမြို့
တောင်ပြင်(၂)ရပ်ကွက်တွင်၎င်း၊ ၅၅၀ ကွက်သစ်တွင်၎င်း၊
ရွှေအိုး(၁)ရပ်ကွက်တွင်၎င်း၊
ရွှေအိုး(၂)ရပ်ကွက်တွင်၎င်း၊ စသည့်နေရာဒေသအသီးသီးတွင်
ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါကျွေးမွေးဧည့်ခံရာတွင်
မည်သူမဆို လူမျိုးမရွေး
ဘာသာမရွေး လူတန်းစားခွဲခြားမှုမရှိဘဲဧည့်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းကုသိုလ်ပြုပွဲအား ဗိုလ်ချုပ်အား ကြည်ညိုလေးစားတန်ဖိုးထားသူအဖွဲ့မှ
စုပေါင်းထည့်ဝင်ရရှိသော
ငွေကြေးဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊
 တာဝန်ခံအယ်ဒီတာ၊
 မြေလတ်မီဒီယာဂျာနယ်
 တောင်တွင်းကြီးမြို့။
ဖုန်း - 09440223276

0 comments:

Post a Comment