ငဖဲ ဇန်န၀ါရီ
၉
မင်းဘူးခရှိုင် ငဖဲမြို့နယ်တွင် ၂၀၁၄-၂၀၁၅ပညာသင်နှစ်
ပညာရေးစုံညီပွဲတော် အခမ်းအနာကို ဇန်န၀ါရီ ၉ ရက် နံနက် ၉ နာရီက ငဖဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း
ဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းသားကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့်သံပြိုင် သီဆိုဖွင့်လှစ်ခဲ့ပြီး
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက်မြို့နယ်ပညာရေးမှူး
က ကျောင်းသား/သူများနှင့်မိဘဆရာ စုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်၊အထက ကျောင်းအုပ်ဆရာ
ကြီးက ဆုရကျောင်းသားကျောင်းသူများအား အားကျအတုယူစေလိုသော ဆန္ဒရှိကြစေရန်နှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဌကပညာသင်ကြားရေးပိုင်းအားထည့်ပေးရန်နှင့်
ပညာရေးကဏ္ဍ
ကျောင်း ဥပဓိရုပ် လှပခိုင်ခံ့ရေးအတွက် ဆောင်ရွက်ခဲ့မှုများအား အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်
ဂုဏ်ထူးရအောင်သင်ကြားနိုင်ခဲ့သော ဆရာ/ဆရာမ
ဆု၊၂၀၁၅ခုနှစ် ပြက္ခဒိန်နှစ်အတွင်း ခွင့်မယူဆု၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပ-ဒု-တ ရရှိသူများ
ဂုဏ်ထူးရကျောင်းသားကျောင်းသူများ အားဆုချီးမြှင့်ခြင်းနှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတန်းလိုက်ရရှိသော
ပညာရည်ချွန်၊စာစီစာကုံး၊ဆိုကရေးတီးဆုရရှိသူများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသားကျောင်းသူလေးများက
အကပဒေသာများဖြင့်ဖျော်ဖြေကာ အခမ်းအနားကို ဇာတိမာန် သီချင်း သီဆို၍ ရုပ်သိမ်းခဲ့သည်။
၂၀၁၄-၂၀၁၅ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းပညာေ၇းစုံညီပွဲတော်
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊မိခင်ကလေး၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊NGO
အဖွဲ့ဝင်များ၊ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများနှင့်မိဘပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment