Saturday, January 3, 2015

ကံမမြို့နယ်ရှိ ၁၆ ခုတင်ဆံ့ကြို့ပင်တိုက်နယ်ဆေးရုံ မကြာမီဖွင့်လှစ်နိုင်တော့မည်

ကံမ  ဇန်န၀ါရီ  ၂

သရက်ခရိုင်၊ကံမမြို့နယ် ကြို့ပင်ကျေးရွာ၌ ၁၆ ခုတင်ဆံ့တိုက်န်ဆေးရုံအား   နိုင်ငံတော်ခွင့်ပြုငွေ
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၃၅၀၀  နှင့်  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၂၃၀၀
စုစုပေါင်းကျပ်သိန်း ၅၈၀၀ ဖြင့် တည်ဆောက်ခဲ့ရာရာနှုန်းပြည့်ပြီးစီးအောင်မြင်နေပြီဖြစ်သည့်အတွက်
ဖေဖေါ်ဝါရီလတွင် စတင်ဖွင့်လှစ်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။

                      ၎င်းဆေးရုံ၏ပင်မဆောင်မှာ အလျား၁၂၆ ပေ၊အနံ၁၁၅ ပေ၊အမြင့်၁၄ ပေရှိသံကူ
ကွန်ကရစ်တစ်ထပ်ဆောင်ဖြစ်ပြီး နှစ်ခန်းတွဲတစ်ထပ် ဆရာဝန်နေအိမ်နှစ်လုံး ၊ ၄ခန်းတွဲတစ်ထပ်
သူနာပြုနေအိမ် တစ်လုံး၆ ခန်းတွဲတစ်ထပ် ၀န်ထမ်းနေအိမ်တစ်လုံး၊ခွဲစိတ်ဆောင်၊ ဂါလံ ၁၆၀၀
ဆံ့ရေစင်နှင့်ဂါလံ၃၂၀၀ဆံ့မြေအောက်ရေကန်များဆောက်လုပ်ပါရှိလျှက်    ဆေးရုံသုံးပစ္စည်းများ နှင့်
 ဆေးဝါးအမျိုးအစား  ၁၀၉   မျိုး ရောက်ရှိနေပြီဖြစ်သည်။

                    နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏ကျန်းမာရေးအခက်အခဲများအားဖြည့်ဆည်း
ဆောင်ရွက်ပေးလျှက်ရှိရာ အဆိုပါတိုက်နယ်ဆေးရုံဖွင့်လှစ်ပြီးစီးပါက   ပတ်ဝန်းကျင်ကျေးရွာပေါင်း ၂၂
ရွာတွင်နေထိုင်ကြသော ဒေသခံကျေးလက်ပြည်သူများအပြင် ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါ်တွင်
တည်ရှိသောကြောင့် ခရီးသွားလုပ်သားပြည်သူများကိုပါကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်
မည်ဖြစ်ကြောင်းသိရသည်။

 ကျော်ဇေယျာဝင်း

0 comments:

Post a Comment