ကံမ ဇန်န၀ါရီ ၎
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့ ပြည်သူ့အားကစားကွင်းတွင် (၆၇)နှစ်မြောက်
လွတ်လပ်ရေးနေ့အမှတ် ကပြဖျော်ဖြေနေသည့် ကဇာတ်ရုံတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ
ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ဇန်န၀ါရီ ၄ ရက် မွန်းလွဲပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များနှင့်တျေးရွာအချို့အားကိုယ်စားပြု၍ အမျိုးသမီးငယ်
၂၀ ဦးပါဝင်ယှဉ်ပြိုင်ပြီး ဆုရရှိသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၏ဇနီးမြို့နယ်အမျိုးသမီးရေးရာ
ဥက္ကဌဒေါ်ဌေးဌေးလွင်နှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ကျော်ဇေယျဝင်း
မကွေးသတင်းစုံ

0 comments:
Post a Comment