Wednesday, January 7, 2015

စက်ဘီးအားဆိုင်ကယ်မှနောက်က၀င်တိုက်ပြီးရန်ရှာသဖြင့်ရဲစခန်းတွင်တိုင်ကြား

မကွေးတိုင်းဒေသကြီးမြို့သစ်မြို
့နယ်၌၂၀၁၅ခုနှစ်ဇန်န၀ါရီလ၅ရက်ည၁၀နာရီအချိန်ခန့်တွင်စက်ဘီးအား
ဆိုင်ကယ်မှနောက်က၀င်တိုက်ပြီးရန်ရှာသဖြင့်မြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားကြောင်းလူငယ်မောင်ဝက်ကြီးကပြောကြားသည်
ကျွန်တော်ရယ်ရဲမင်းနောင်နဲ့နောက်သူငယ်ချင်းတစ်ယောက်ရယ်မြို့သစ်ကနေရွာကို(ပုလင်းကျေးရွာ)စက်ဘီးကိုယ်စီဆီးပြီးပြန်လာတော့ရွာဘက်ကနေကားတစ်စီးလာလို့ညာဘက်အတိုင်းရှောင်ဆီးကျတဲ့အချိန်မှာနောက်ကနေဆိုင်ကယ်ကရဲမင်းနောင်စက်ဘီးနောက်ပိုင်းကိုဝင်တိုက်တော့ရဲမင်းနောင်စက်ဘီးကောလူပါလဲသွားသလိုဆိုင်ကယ်သမားလည်းဆိုင်ကယ်နှင့်လူ
ပါလဲသွားတယ်ရဲမင်းနောင်ကိုကျွန်တော်တို့ထူပြီးအဲဓိလူကိုကူညီဖို့လုပ်တဲ့အချိန်မှာသူကဆိုင်ကယ်နဲ့လိုက်ရန်ရှာလို့လယ်ကွင်းထဲပြေးရှောင်နေတဲ့အချိန်မှာရဲတွေနဲ့ဦးလေးနှစ်ယောက်ရောက်လာပြီးစစ်ဆေးမေးမြန်းပြီးရဲစခန်း(မြို့မရဲစခန်း)ကိုခေါ်သွားပြီးရဲစခန်းကစာရွက်
တွေနဲ့ဆေးရုံသွားပြီးအဲဓိဆိုင်ကယ်သမားနဲ့ရဲမင်းနောင်တို့ဆေးကုသကြောင်းမောင်ဝက်ကြီးကပြောကြားသည်
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍မြို့မရဲစခန်းသို့(၆)ရက်
နေ့ ညနေ(၄)နာရီအချိန်သွားရောက်မေးမြန်းရာစခန်းဒုရဲ
မှူးကန်ပိုကစစ်ဆေးလျှက်ရှိကြောင်းဆိုင်ကယ်သမားမှာမြို့သစ်မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနလက်ထောက်ဦးစီးမှူးဦးဝင်းတင်မှာဆေးရုံတွင်ဆေးကုသမှုခံယူလျှက်ရှိကြောင်းပြောကြားသည်
ကလေးကိုနောက်ကနေဆိုင်ကယ်တိုက်တာတွေ့လို့ရဲတပ်ကြပ်တင်မောင်သန်းကိုကျွန်တော်ဖုန်းစက်ခေါ်ပြီးသွားတော့ဆိုင်ကယ်ဘယ်ဘက်ဒူးကာပြက်ပြီးပေါက်
ပြဲဒါဏ်ရာအဲဓိလူရပြီးစက်ဘီးပြက်ဆီးပြီးကောင်းလေးတစ်ဦးနှင့်လူငယ်နှစ်ဦးကိုတွေ့လို့စစ်မေးတာကိုဆိုင်
ကယ်သမားကရဲကိုရန်လိုစကားပြောသော်ရဲစခန်းကြမှရှင်းရန်ပြောကြား၍ရဲစခန်းပို့ပြီးပြန်ခဲ့ကြောင်းဆိုင်ကယ် ကယ်ရီသမားတစ်ဦးကပြောကြားသည်
နတ်မောက်သားမြွေဟောက်

0 comments:

Post a Comment