Tuesday, January 27, 2015

ပခုက္ကူမြို.နယ်ကျေးလက်ဒေသအခြေခံမွေးမြူရေးလုပ်သားသင်တန်းဖွင့် နေဦးမောင်(ပခုက္ကူ)

မွေးမြူရေး ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ.ဖြိုးရေးဝန်ကြီးဌာန မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာန ကျေးလက်ဒေသ အခြေခံမွေးမြူရေးလုပ်သား သင်တန်းအမှတ်စဉ်(၁) ဇန်
နဝါရီ(၂၆)ရက်နေ့ နံနက်(၉းဝ၀)နာရီအချိန် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ သင်တန်းကာလ
မှာ ဖေဖေါ်ဝါရီ(၅)ရက်နေ့အထိဖြစ်ပြီး နေ့စဉ် နံနက်(၉းဝ၀)နာရီမှ ညနေ(၄းဝ၀)နာရီအထိ
သင်တန်းနည်းပြ(၅)ဦးဖြင့် မွေးမြူရေးဆိုင်ရာ ပညာရပ်များ ပို့ချသွားမည်ဟုလည်း သိရှိရ
သည်။ တစ်ပိုင်တစ်နိုင်မွေးမြူရေး ဆိတ်၊ ကျွဲ၊ ဝက်၊ ဘဲ၊ ကြက် မွေးမြူရေး မျိုးစပ်ခြင်း
ကူးစက်ရောဂါ၊ ဇီဝလုံခြုံရေး၊ စားကျက်၊ မွေးမြူရေးဘဏ်စနစ်၊ ဇီဝဓာတ်ငွေ့ထုတ်လုပ်မှု
ပေါင်းစည်းလယ်ယာစနစ် ကာကွယ်ဆေးတိုက်ကျွေးခြင်း တိရစ္ဆာန် အာဟာရဗေဒများကို သင်
ကြားမည်ဖြစ်သည်ဟု ခရိုင်ဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦးက ပြောသည်။ ပခုက္ကူမြို့
မွေးရေကျေးလက်ရုံးသည် အမှတ်(၃)ရပ်ကွက် ဂကွင်း(၇)လမ်းတွင် တည်ရှိပြီး သင်တန်းဖွင့်
ပွဲအခမ်းအနားအား ထိုရုံးခန်းမ၌ ပြုလုပ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment