မကွေး
ဇန်န၀ါရီလ ၂၀
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က ကြီးမှူးဖွင့်လှစ်သည့် စာရေးဝန်ထမ်းများ
ရုံးလုပ်ငန်းရက်တို သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃၀)နာရီက မကွေးတိုင်းဒေသကြီး
တရားလွှတ်တော်အစည်းဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါအခမ်းနားတွင်း တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်
ဦးစိန်ထွန်းမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုချီးမြှင့်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် သင်တန်းသားသင်တန်းသူ
(၄၆)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၃)ပတ်ကြာ မြင့်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment