၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည် နံနက် (၁၁း၀၀) အချိန်တွင်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အောင်ချမ်းသာ ရပ်ကွက်၊
ပြည်တော်သာလမ်းနှင့် ခွာညိုလမ်းထောင့်ရှိ သဘာဝ လက်ဘက်ရည်ဆိုင်တွင်
မသင်္ကာဖွယ်လူတစ်ဦးမှ ဆိုင်ကယ်တစ်စီးအား လာရောက် ရောင်းချနေကြောင်း သတင်းအရ
မကွေးတိုင်းဒေသကြီး ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစိတ်မှ
ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။
ချောက်မြို့နယ်၊ ဥယျာဉ် ကျေးရွာနေသူ သန်းထိုက်အောင် (၂၀)နှစ် မှ ၄င်းထံမှ
နံပါတ်မပါ ရှာရမ်း ၁၁၀ နီနက်ကြား ဆိုင်ကယ်နှင့် ပတ်သက်၍
၎င်းပိုင်ဆိုင်ကြောင်း ခိုင်လုံသော အထောက်အထား တစ်စုံ တရာ
ပြောဆိုပြသနိုင်ခြင်း မရှိသည့်အတွက် ၄င်းသည် ဆိုင်ကယ်အား တစ်နေရာရာမှ
ခိုးယူလာသည်ဟု မသင်္ကာဖွယ် စစ်ဆေး တွေ့ရှိရသဖြင့် သန်းထိုက်အောင်အား
မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၂၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
၃၇၉/၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
မကွေးသတင်းစုံ
0 comments:
Post a Comment