Thursday, January 29, 2015

တောင်တွင်းကြီးမြို့၌ (၂)ရက်တွင် ရဲသတင်းတပ်ဖွဲ့အပါအ၀င် ရဲတပ်ဖွဲ့ ယာဉ်တိုက်မှု (၂)ကြိမ်ဖြစ်ပွား

မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်တွင် (၂)ရက်အတွင်း
ရဲသတင်းတပ်ဖွဲ့ မှ တစ်ကြိမ်၊ နယ်မြေရဲတပ်ဖွဲ့မှ တစ်ကြိမ် ယာဉ်တိုက်မှု
(၂)ကြိမ်ဖြစ်ပွား
ခဲ့ကြောင်း စုံစမ်းသတင်းရရှိသည်။ မှုခင်းဖြစ်ပွားမှုမှာ - ၂၈-၁-၂၀၁၅ ရက်နေ့
နေ့လည်(၁း၅၀)အချိန်ခန့် တောင်တွင်းကြီးမြို့မရဲစခန်း၏ အရှေ့မြောက်ဘက်
(၃)ဖာလုံခန့်
အကွာ တောင်တွင်းကြီး-မြို့သစ် ကားလမ်းမကြီး ရွှေအိုး(၁)ရပ်ကွက်၊ အ.လ.က(၂)၊
မိုးထိကျောင်းရှေ့တွင် မြောက်မှတောင်သို့ လ-၁၇၇၃၇၁ ၊ ရဲတပ်ကြပ်
ကျော်ဌေးဝင်း
(၄၀)နှစ် (ဘ)ဦးသန်းကြည် ၊ ရဲသတင်းတပ်ဖွဲ့ ၊ တောင်တွင်းကြီးမြို့ နေသူ
မောင်းနှင်လာသော ယာဉ်အမှတ် ယာယီ-၀၀၀၁၆၅ ၊ YINXIANG-110 ၊
အနက်ရောင်ဆိုင်ကယ်မှာ
အရှေ့မှရုတ်တရက်ကွေ့လိုက်သောကြောင့်  ၄င်းဆိုင်ကယ်၏ အနောက်မှ
မောင်းနှင်လာသော ကိုရန်လင်း (၂၂)နှစ် (ဘ)ဦးမြ၀င်း၊
အုန်းတော(၂)ရပ်ကွက်၊အပိုင်း(၂)နေသူ
မောင်းနှင်သော FOLLOW ME-110 ၊ အနက်ရောင်ဆိုင်ကယ်နောက်တွင် ရန်လင်းအောင်
(၁၈)နှစ် (ဘ)ဦးပေါ်လေး၊ အုန်းတော(၂)ရပ်ကွက်၊ အပိုင်း(၄) နေသူ
အားတင်ဆောင်မောင်းနှင်လာသော ဆိုင်ကယ်က အနောက်မှ ၀င်ရောက်တိုက်မိခြင်း
ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့်
သတင်းတပ်ဖွဲ့မှ
ကျော်ဌေးဝင်း တွင် ၀ဲလက်ဖ၀ါး၊ ၀ဲတံတောင်၊ ၀ဲတင်ပါး ပွန်းပဲ့ဒဏ်ရာ
ရရှိပြီး ရန်လင်းတွင် ယာပုခုံး ပွန်းပဲ့ဒဏ်ရာ၊ ယာဒူးနာကျင်ဒဏ်ရာ၊
ယာခြေချောင်း/ခြေခုံပွန်းပဲ့ဒဏ်ရာ၊
ဝဲခြေမ ပွန်းပဲ့ဒဏ်ရာ၊ ၀ဲပုခုံးအဆစ်နာကျင်ဒဏ်ရာ၊ ယာမျက်ခုံးဒေါင့်
ပွန်းပဲ့ဒဏ်ရာ ရရှိပြီး ရန်လင်းအောင် ၀ဲခြေခုံပွန်းဒဏ်ရာ အသီးသီး
ရရှိခဲ့သည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ နောက်မှ
ဝင်တိုက်သူ ရန်လင်းအား ဥပဒေအရ အရေးယူပေးရန် တောင်တွင်းကြီးမြို့နယ်
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း တာဝန်ခံ ရဲတပ်ကြပ်ကြီး ရဲဝင်းမှ
တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မ ရဲစခန်းက
ယာဉ်(ပ)၁၂/၂၀၁၅ ပြစ်မှုပုဒ်မ ၃၃၇ အရ
အမှုဖွင့်အရေးယူထားပြီး အမှုစစ် ဒုရဲအုပ် ကျော်မျိုးလင်းက အမှုအား
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
အလားတူ ၂၇-၁-၂၀၁၅ ရက်နေ့ ညနေ(၆း၃၀)အချိန်ခန့်တွင်
တောင်တွင်းကြီးမြို့မရဲစခန်း၏ အနောက်ဖက် (၃)ဖာလုံခန့်အကွာ
ရွှေကြာအင်း(၁)ရပ်ကွက်၊ မကွေး-တောင်တွင်း
လမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ လ-၂၃၃၅၅၆ ၊ ရဲတပ်သား ရဲဝင်းအောင် ၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်းထိန်းသိမ်းရေး တောင်တွင်းကြီးမြို့နေသူ
မောင်းနှင်လာသော
ယာဉ်အမှတ် ၃၇ယ/၃၆၆၅၀ ၊ HONDA-150 ၊ အနက်ရောင်ဆိုင်ကယ်နောက်တွင်
ဝင်းမြင့်ဦး (၃၂)နှစ်၊ (ဘ)ဦးကြည်သိန်း ၊ ဈေးရောင်း ၊
ရွှေအိုး(၁)ရပ်ကွက်နေသူ
လိုက်ပါစီးနင်းမောင်းနှင်လာပြီး သမ္မရုံးလမ်းသို့ ချိုးကွေ့စဉ်
၎င်းလမ်းမကြီးအတိုင်း မကွေးဘက်မှ တောင်တွင်းကြီးဘက်သို့
အနောက်မှအရှေ့သို့ မောင်းနှင်လာသော
စိုးနိုင်ဌေး (၁၉)နှစ် (ဘ)ဦးကျော်သန်းစိုး  ၊ ရွှေကြာအင်း(၁)ရပ်ကွက်နေသူ
မောင်းနှင်လာသော ၃၇ယ/၃၇၃၇၂ ၊ VEVEBO-120 ၊ အဖြူရောင်ဆိုင်ကယ်တို့
တိုက်မိခဲ့ကြောင်း
စုံစမ်းသိရှိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် စိုးနိုင်ဌေးတွင်
ယာဘက်ရင်အုံ ပွန်းပဲ့ဒဏ်ရာ၊ ၀ဲဘက်နံရိုး နာကျင်ဒဏ်ရာ၊
ယာလက်ညိုးပွန်းပဲ့ဒဏ်ရာ ရရှိပြီး ရဲတပ်သား
ရဲဝင်းအောင် တွင် ယာခြေမ ပွန်းပဲ့ဒဏ်ရာ၊ ယာဒူးခေါင်း နာကျင်ဒဏ်ရာ၊ ယာလက်မ
ပွန်းပဲ့ဒဏ်ရာ၊ အသီးသီးရရှိခဲ့သည်ဆို၏။ အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍
ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ
ယာဉ်စည်းကမ်း/လမ်းစည်းကမ်းထိန်းသိမ်းရေး တောင်တွင်းကြီးမှ ရဲတပ်သား
ရဲဝင်းအောင်နှင့် စိုးနိုင်ဌေးတို့အား ဥပဒေအရ
အရေးယူပေးပါရန် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း တာဝန်ခံ ရဲတပ်ကြပ်ကြီး
ရဲဝင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မ ရဲစခန်းက
ယာဉ်(ပ)၁၀/၂၀၁၅
ပြစ်မှုပုဒ်မ ၃၃၇ အရ တပ်သား ရဲဝင်းအောင် နှင့် စိုးနိုင်ဌေး
တို့နှစ်ဦးအား အမှုဖွင့်အရေးယူထားပြီး အမှုစစ် ဒုရဲအုပ် ကျော်မင်းမောင်က
အမှုအား စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း စုံစမ်းသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)

0 comments:

Post a Comment