Sunday, January 4, 2015

၅၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက တဒင်္ဂဒေါသခိုးကြောင့် အမျိုးသမီးတစ်ဦးကို တုတ်ဖြင့်ရိုက် ဓါးဖြင့်ခုတ်သတ်မှု တောင်တွင်းကြီးတွင်ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်
မြို့မရဲစခန်းအနောက်ဘက် ၃ ဖာလုံခန့်အကွာ အုန်းတော(၁)ရပ်ကွက်တွင်
အမျိုးသားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား
တုတ်၊ ဓါးများဖြင့် ရိုက်ခုတ်သတ်ပစ်သောကြောင့် အမျိုးသမီးတစ်ဦး
သေဆုံးကြောင်း စုံစမ်းသတင်းရရှိသည်။ မှု့ခင်းစုံစမ်းသိရှိရသည်မှာ ၃-၁-၂၀၁၅
ရက်နေ့ ည ၇း၃၀ အချိန်
ခန့် အုန်းတော(၁)ရပ်ကွက်၊ ၅၅၀ ကွက်သစ်နေ မစန်းရီသည် နေအိမ်၌ရှိနေစဉ်
လွန်ခဲ့သော တစ်လ ခန့်မှ စတင်၍ ၄င်း၏ နေအိမ်ဝိုင်းအတွင်းရှိ
နွားတင်းကုတ်တွင်
အကူအညီတောင်းခံ၍ ခေတ္တနေထိုင်သူ နတ်မောက်မြို့နယ် အင်ကုန်းကျေးရွာနေ
ပြည်ဝင်း (၅၉)နှစ် (ဘ)ဦးသောင်းစိန် မူလတန်းကျောင်းအုပ်(ငြိမ်း)
နေသူနှင့်
ကျောက်ပန်းတောင်းမြို့နယ်၊ ကျွဲကန်ကျေးရွာနေ မအေးလေး ၃၆ နှစ်
(ဘ)ဦးမောင်တင်တို့ နေထိုင်ခဲ့ကြစဉ် လူမှု့ရေးကိစ္စစကားများရန်ဖြစ်ရာ
မှ
ပြည်ဝင်းက မအေးလေးအား
ရုတ်တရက်စိတ်မထိန်းနိုင်ဘဲ အရှည် ၂ ပေခွဲခန့် လုံးပတ် ၉ လက်မခန့်ရှိ
တုတ်ဖြင့်ရိုက်ပြီး အသွား ၁၃ လက်မခန့် အရိုး ၈ လက်မခွဲခန့် ဗြက် ၂
လက်မခန့်ရှိ ထင်းခုတ်ဓါးဖြင့်
ခုတ်ရာ မအေးလေးတွေင် ယာတံတောင်ပြတ်ရှဒဏ်ရာ၊ ယာနားထင်ပြတ်ရှဒဏ်ရာ၊
ဝဲလက်ခလယ်၊ လက်သူကြွယ်ပြတ်ရှဒဏ်ရာ၊ ယာဦးခေါင်းဂျိုဇောင်းဖုယောင်ဒဏ်ရာ၊
ယာ
လက်သူကြွယ်၊ ယာလက်သန်းပြတ်ရှဒဏ်ရာများ၊ စိုးရိမ်ရ အသီးသီးရရှိသဖြင့်
မအေးလေးအား တုတ်နဲ့ရိုက် ဓားဖြင့်ခုတ်သူ ပြည်ဝင်းအား ဥပဒေအရ
အရေးယူပေးပါရန်
မစန်းရီက တရားလိုပြုလုပ်တိုင်တန်းခဲ့သည်ဆို၏။ ထို့နောက် မအေးလေးမှာ
ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဆို၏။ ယင်းဖြစ်စဉ်အား
တောင်တွင်းကြီးမြို့မရဲစခန်းက
(ပ)၉/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂ အရ ပြည်ဝင်း ၅၉ နှစ် (ဘ) ဦးသောင်းစိန်၊
မူလတန်းကျောင်းအုပ်(ငြိမ်း) အင်ကုန်းကျေးရွာ နတ်မောက်မြို့နေသူအား
အမှုဖွင့်အရေးယူထားပြီး
အမှု့အား ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်း
ရဲမှတ်တမ်းအရ စုံစမ်းသိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)၊ အကြီးတန်းသတင်းထောက်၊ တောင်တွင်းကြီးမြို့။
ဖုန်း - 09440223276

0 comments:

Post a Comment