မကွေး ဇန်န၀ါရီ ၈
မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်
မကွေးတိုင်းဒေသကြီး၏၂၀၁၄-၂၀၁၅ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ
အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးဥပဒေချုပ်၊
တရားသူကြီးချုပ်၊စာရင်းစစ်ချုပ်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မကွေးခရိုင်နှင့်မြို့နယ်မှ
ဌာနဆိုင်ရာတာဝန်ရှိသူများ၊တိုင်းဒေသကြီးပညာရေးမှူးနှင့်အခြေခံပညာ အထက်တန်း၊အလယ်တန်း
ကျောင်းအုပ်ကြီးများ၊မြို့နယ်ပညာရေးမှူးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား ကျောင်းသူများ
တိုင်းရင်းသား တိုင်းရင်းသူများ၊ဘင်ခရာ၊ပန်းပွားအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ၂၀၁၄-၂၀၁၅ပညာသင်နှစ် မကွေးတိုင်းဒေသကြီး၏
ပညာရေးစုံညီဖွင့်ပွဲအခမ်းအနားကို မကွေးမြို့အမှတ်(၁)အထက်တန်ကျောင်းရှေ့မုခ်ဦး၌
ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး
အခမ်းအနားသို့တက်ရောက်လာသော ကင်းထောက် လူငယ်များ၊ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့နောက် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို
အဆိုပါကျောင်းဝင်း ပန်းဟေ၀န်ခန်းမတွင်ကျင်းပရာ
မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများက စုံညီပွဲတော်တို့နွှဲ
ပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြားရာတွင်
ပညာရေးစုံညီပွဲ တော်ကို ရည်ရွယ်ချက်(၆)ရပ်နှင့် နိုင်ငံတစ်ဝှမ်းလုံးမှာဆောင်ရွက်လျက်ရှိကြောင်း၊
အခြေခံပညာ ကျောင်း များမှာ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းရပ်များအတိုင်း ကျောင်းသားကျောင်းသူများအတွက် ပြိုင်ပွဲများကို
နှစ်စဉ်ဆောင်ရွက်နေသလို ၂၀၀၈-၂၀၀၉ပညာသင်နှစ်မှစပြီး
စတုတ္ထတန်း၊သတ္တမတန်း၊အဌမတန်းတွေမှာ အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပပေးခဲ့ပြီး
ဗဟိုအဆင့်ထူးချွန်ဆုရ ကျောင်းသား/သူများကို ဗဟိုအဆင့်ပညာရေးစုံညီပွဲတော်မှာလည်းကောင်း၊ကျန်ထူးချွန်ဆုရ
ကျောင်းသား/သူများကို ပြည်နယ်နှင့် တိုင်းဒေသကြီးစုံညီပွဲတော်မှာ ချီးမြှင့်ပေးလျက်ရှိကြောင်း
ပြည်ထောင်စုအစိုရရဲ့ဦးဆောင်အကောင် အထည်ဖော်နေတဲ့ တစ်မျိုးသားလုံး ပညာရည်မြင့်မားမှုကို
တစ်ဘက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်နေ ခြင်း ဖြစ်လို့ ပညာေ၇းစုံညီပွဲတော်ကို ဂုဏ်ယူမှတ်တမ်းရမှာဖြစ်ကြောင်း စသည်ဖြင့် အကျယ်တ၀ံ့ပြောကြား
သွားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးမြင့်သိန်းမှ
စုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘက်စုံထူးချွန်သော ဆရာ/ဆရာမများ
ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပေးခြင်းနှင့်သင်တန်း၊စာစီစာကုံး၊ကဗျာ၊ပန်းချီ၊
အထွေထွေဗဟုသုတ၊ရုပ်မြင်သံကြားဥာဏ်စမ်း၊ အင်္ဂလိပ်စာ၊သင်္ချာစွမ်းရည်ပြိုင်ပွဲများ၊စာရိတ္တအထူးဆုများရရှိခဲ့သောဆရာ/ဆရာမများ
ကျောင်းသား/သူများ ကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များကျင်းပရာ
မကွေးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ၊အလယ်တန်း မူလတန်းကျောင်းသား/သူလေးများမှ သွေးချင်းတို့ဌာနေမြန်မာပြည်
အပါအ၀င် မြန်မာလူမျိုး တို့၏ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment