Sunday, January 4, 2015

လွတ်လပ်ရေးနေ့ အကြို ဟောပြောပွဲကျင်းပ

 
    ဆိပ်ဖြူ  ဇန်နဝါရီ   ၂     မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပညာရေးဌာနနှင့်မြို့နယ်ပြန်ကြား
ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း ဆောင်ရွက်သော (၆၇)နှစ်မြောက်လွတ်လပ် ရေးနေ့အကြိုဟောပြောကို (၂-၁-၂၀၁၅)ရက် နေ့က (အထက)အောက်ဆိပ်ကျေးရွာ တွင်နံနက်(၁၀)နာရီတွင်လည်းကောင်း နေ့လည်(၂)နာရီအချိန်တွင် (အထက ခွဲ) ကိုးတောင့်ကျေးရွာလည်းကောင်းဟောပြော ကြသည်။

    ဟောပြောပွဲတွင် မြို့နယ်ပြန်/ဆက်ဦးမှူး ဦးမျိုးမြင့်အောင်က လွတ်လပ်ရေးကို ထိန်း သိမ်းကာကွယ်ကြစို့ ခေါင်းစဉ်ဖြင့်ဟောပြော ခြင်း အလယ်တန်းပြဆရာမ ဒေါ်ကြည်ကြည် ဌေးနှင့်ဒေါ်တင်မာအေးတို့ကလွတ်လပ်ရေးရရှိခဲ့သည့်သမိုင်းကြောင်းများကိုလည်းကောင်း စားသုံးမှုရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးသန်းမြင့်ထွန်းက စားသုံးသူများကာကွယ် ပေးရေးအကြောင်း အသီးသီးဟောပြောကြ ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ နယ်လှည့် စာကြည့် တိုက်ကိုလည်း ဆရာ ဆရာမများ နှင့် ကျောင်းသား/သူများ စာပေဖတ်ရှုလေ့ လာနိုင်ရေးအတွက် ဖွင့်လှစ်ပေးကြောင်း သိရှိရသည်။
                                  
ပေးပို့သူ - ကိုမျိုး (ယောဧရာ)

0 comments:

Post a Comment