၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်တွင်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် လူတစ်ဦး
အက်စစ်သောက်၍ မိမိကိုယ်ကို သေကြောင်း ကြံစည် ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လင်း
(၃၉)နှစ် သည် နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ မဇာရောက်ရှိလာပြီး ၄င်း၏
ခင်ပွန်းဖြစ်သူ ကျော်ဝင်းဆွေ (၃၉)နှစ်မှ နေအိမ်တွင် လင်မယားချင်း
စကားများပြီး ဘထ္ထရီအိုးထဲသို့ ထည့်ရန် အသင့်ပြုလုပ် ထားသည့်
အက်စစ်အပျော့အား သောက်ခဲ့ကြောင်း လာရောက်ပြောပြသဖြင့် သွားရောက်ကြည့်ရှုရာ
ကျော်ဝင်းဆွေ မှာ နေအိမ်တွင် ညည်းညူနေသည်ကိုတွေ့ရှိရ၍ ဆေးကုသမှုခံယူရန်
ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရှိကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မိမိကိုယ်ကို သေကြောင်း ကြံစည်သူ ကျော်ဝင်းဆွေ အား
ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့်
ပေါက်မြို့နယ်၊ ပေါက်မြို့မ ရဲစခန်း (ပ) ၉/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ
၃၀၉ အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
မကွေးသတင်းစုံ
မကွေးသတင်းစုံ
0 comments:
Post a Comment