Thursday, January 22, 2015

အာဇာနည် ဦးအောင်ဆန်း



အာဇာနည် ဦးအောင်ဆန်း
နတ်မောက်သားလေဗျာ
အစွမ်းအစရှိပေမပေါ့
မျိုးရိုးကိုကြည့်လိုက်လေ
ရိုးလွန်းတဲ့အညာသား
ပဲပြုတ်နဲ့ နံပြားကို
အကောင်းဆုံးလို့ ထင်တဲ့သူ။


ပြည်သူချစ်မှာပေါ့
သူ့အတွက် ဘာမှမပါ
အာဏာဆိုတာကို သူမမက်
တွယ်မိသူက ဇနီးနဲ့ ပြည်သူ
လွတ်လပ်ရေးအတွက်သူကြိုးစား
ပြည်သူတွေအတွက် အားကိုးရသူလေ။


နှစ်တစ်ရာဆိုတာ ဘာမှမကြာသလိုဘဲ
ချစ်တာ့  လေးစားတာပြောရင်း
မျက်ရည်မိုးတွေ ရွာမိတာက ၆၇ နှစ်
သူဟာတကယ့်ဗိုလ်ချုပ်ဗျ
အနုအရွစကားတွေကို သူမပြောတတ်
အလုပ်နဲ့ပဲ သက်သေပြတတ်သူ။

သမိုင်းလှအောင်နေခဲ့သူ
တိုင်းပြည်အတွက်ပဲ စဉ်းစားနေတော့
ပကာသနတွေ မမက်မော
အာဏာဆိုတာတောင် ခေတ်သစ်ဗိုလ်ချုပ်တွေလို ခေတ်မှီအောင်မပြတတ်ခဲ့သူ။


အာဇာနည်အစစ်ပေမို့
အောင်ဆန်းစိတ်ဓါတ်ကို ငါတို့ချစ်တယ့့် 
အာဇာနည်အစစ်ပေမို့
အောင်ဆန်းရာပြည့်ကို ငါတို့ဂုဏ်ပြုမယ့့် ။


အောင်ကျော်ကျော်(တောင်တွင်း)

0 comments:

Post a Comment