Tuesday, January 27, 2015

ဆင်ပေါင်ဝဲမြို့တွင် ရဲလုပ်ငန်းစဉ်များအား ပြည်သူကိုဗဟိုပြု၍ ပူးပေါင်းပါဝင်လာရန်ဆွေးနွေးကျင်းပ

   မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မရဲစခန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးမှကြီးမှူး၍ ပြည်သူလုထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့မိမြို့ဖများ မြို့နယ်အထောက်အကူအဖွဲ့များ မိခင်နှင့်ကလေး အမျိုးသမီးရေးရာအဖွဲ့များ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲအား လစဉ်ကျင်းပဆောင်ရွက်လျှက်ရှိရာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ(၂၁)ရက် နေ့ နံနက် (၁၀)နာရီအချိန်တွင် အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    အဆိုပါအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမောင်မောင်မှ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာ ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကျဆင်းရေးအတွက် မြို့နယ်ကျေးရွာ များတွင် နေ့ညလှည့်ကင်းဆောင်ရွက်နေမှုအခြေအနေများ၊ တပ်ဖွဲ့ဝင်များစည်းကမ်းဖောက်ဖျက်ပါက ရဲစည်းကမ်း  ဥပဒေနှင့်အရေးယူဆောင်ရွက်ထားရှိမှုများပြောကြားပြီး ゞင်းနောက် မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းရွှေမှ ယစ်မျိုးအမျိုး အစားများနှင့် ဖမ်းဆီးရမိမှုအခြေအနေများရှင်းပြခဲ့ပြီး မြို့မိမြို့ဖဦးကြင်မောင်မှ ဧရာဝတီမြစ်ကမ်းဘေး ငါး ပုဇွန် ဆေးချဖမ်းယူသူများအား မည်ကဲ့သို့တားဆီးမည့်အကြောင်း တင်ပြဆွေးနွှေးပြီး မြို့မိမြိုဖဦးအောင်သိန်းမှလည်း ရဲဝန်ထမ်းအိမ်ယာများ မြင်မကောင်းအောင်ပျက်စီးယိုယွင်းနေမှုများအား ယခုနှစ် ပြင်ဆင်မည်/မပြင်ဆင်မည်ကို တင်ပြဆွေးနွှေးပြီး မြို့မစခန်းမှူးမှ ရဲဝန်ထမ်းအိမ်ယာများအားပြင်ဆင်နိုင်ရန်အထက်ဌာနသို့ တင်ပြထားပြီးဖြစ် ကြောင်း မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားအား နံနက်(၁၁)နာရီ(၃၀)မိနစ် အချိန်တွင် ပြီးဆုံးကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။

 တက္ကသိုလ်ငယ်လေး
အမှတ်(၁)ရပ်ကွက်
ဆင်ပေါင်ဝဲမြို့

0 comments:

Post a Comment