ပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက် သီဟိုဠ်ရှင်စေတနာဆေးပေးခန်း အခမဲ့ ဆေးကုသမှုလုပ်
ငန်း စတင်ဆောင်ရွက်သည့်အထိမ်းအမှတ် အခမ်းအနား ၂၀၁၅ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့
နေ့လည်(၂း၃၀)အချိန် သီဟိုဠ်ရှင်စေတနာဆေးပေးခန်း မြဧရာလမ်း၊ သီဟိုဠ်ရှင်ဘုရားကြီး
တောင်ဘက် အမှတ်(၁၄)ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့
ဖိတ်ကြားထားသူများ အမှတ်(၁၄)ရပ်ကွက်ပြည်သူများ စုံညီစွာတက်ရောက်ကြသည်။ အခမ်းအ
နားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်မှ အဖွင့်အမှာစကား ပြောကြားခြင်း ၊ ဆေးခန်း
ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဦးသန်းလွင်မှ ဆေးခန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်း
ပြောကြားခြင်း၊ ဆေးခန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဒေါက်တာဦးဌေးလှိုင်မှ ဆေးကု
သခြင်းဆိုင်ရာကိစ္စများ ရှင်းလင်းပြောကြားခြင်း၊ အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်
အောင်ကြည် (ဆေးခန်းကြီးကြပ်မှုကော်မတီစာရင်းစစ်မှူး)မှ ဆေးခန်းဖွင့်လှစ်ပေးခြင်းအတွက်
ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခြင်းတို့ဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြု
လုပ်ခဲ့ကြောင်း သိရှိရသည်။ သီဟိုဠ်ရှင်စေတနာ ဆေးပေးခန်း အခမဲ့ဆေးကုသမှုလုပ်ငန်းကို
ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက စီစဉ်ဆောင်ရွက်ခဲ့တာပါ
သီဟိုဠ်ရှင်စေတနာ ဆေးခန်း ကြီးကြပ်မှုကော်မတီကိုလည်း ဦးမြင့်ခိုင် (နာယက) မြို့နယ်
အုပ်ချုပ်ရေးမှူး၊ ဒေါက်တာဒေါ်ခင်မေသွင် (နာယက) ခရိုင်ဆရာဝန်ကြီး၊ ဒေါက်တာဦးအောင်
သန်း (ဥက္ကဌ)၊ ဦးသန်းလွင်(ဒုဥက္ကဌ)၊ ဒေါက်တာဌေးလှိုင် (အတွင်းရေးမှူး)၊ ဦးစိန်ဌေး (တွဲ
အတွင်းရေးမှူး)၊ ဦးအောင်မင်း (ဘဏ္ဏာရေးမှူး)၊ ဦးတင်အောင်ကြည် (အမှတ်-၁၄ ရပ်ကွက်
အုပ်ချုပ်ရေးမှူး)၊ စာရင်းစစ်မှူး၊ ဦးခင်မောင်တင့် (စာရင်းစစ်)၊ ဒေါ်တင်ဌေး(သူနာပြုဆရာမ
ကြီး)၊ ဒေါ်ဥမ္မာလွင်(စာရေး)၊ ဦးဘိုသက်ထွန်း(ရုံးအကူ) လုံခြုံရေး တို့နဲ့ စီစဉ်ဆောင်ရွက်
ထားပါတယ် ဟု ဦးတင်အောင်ကြည်က ပြောသည်။ အပတ်စဉ် တနင်္လာနေ့ နှင့် ကြာသပ
တေးနေ့တိုင်း နေ့လည်(၃းဝ၀)နာရီမှ ညနေ(၆းဝ၀)နာရီအထိ အခမဲ့ဆေးဝါးများ ကုသပေး
မည်ဖြစ်ကြောင်း သိရှိရသည်။
နေဦးမောင်(ပခုက္ကူ)

0 comments:
Post a Comment