Sunday, January 18, 2015

တပ်မတော်နှင့် ပြည်သူ စုပေါင်း လုပ်အားကုသိုလ်ယူ မြင့်မြတ်သူ (ပခုက္ကူ)

မကွေးတိုင်းဒေသကြီးပခုက္ကူမြို. ပခုက္ကူခရိုင်ဆေးရုံ ကြီး အတွင်းအပြင် ပတ်ဝန်းကျင်
သန်.ရှင်းသာယာလှပရေး ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေး တို.ကို ဇန်နဝါရီ ၁၇
ရက်နေ.နံနက် ၇ နာရီမှစတင်ကာ တပ်မတော်သားများ ပြည်သူရဲတပ်ဖွဲ.ဝင်များ မီးသတ်တပ်
ဖွဲ.ဝင်များ ကြက်ခြေနီလူငယ်မောင်မယ်များ လူမှုကူညီရေးအဖွဲ.များ စုပေါင်းလုပ်အားကုသိုလ်
ယူကြကြောင်း သိရသည်။ စုပေါင်းလုပ်အားကုသိုလ်ယူပွဲကို တပ်မ(၁၀၁) ဗိုလ်မှူးချုပ်သိုက်စိုး
ပခုက္ကူဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရည်မွန်၊ ခရိုင်မီး
သတ်ဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေး
မှူး ဦးအောင်မင်းကြိုင်၊ မြို့နယ်ဖွံ့ထောက်ဥက္ကဌ ဦးရဲထွဋ်တို့နှင့် တာဝန်ရှိသူများက အားပေး
ပြီး လိုအပ်သည်များကို ကူညီပံ့ပိုးခဲ့ပါတယ် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များကလည်း မြို့ခံ
ပြည်သူများနဲ့ ပခုက္ကူဆေးရုံကြီး(၂)ရုံ သန့်ရှင်းသာယာလှပရေးအတွက် လုပ်အားအလှူပြုခဲ့
ကြပါတယ်ဟု မြို့နယ်တာဝန်ရှိသူတစ်ဦးကပြောသည်။ အဖွဲ့အသီးသီးမှ လူအင်အား(၃၅၀)ခန့်
သည် မော်တော်ယာဉ်များ နှင့် စုပေါင်းအမှိုက်သိမ်း၍ပခုက္ကူမြို့လယ်နှင့်ဆေးရုံကြီးများ
လှပသာယာ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment